Healthy Life Ad
Q & A

ဆေးကြောင့် အပူလောင်ပြီး အရေပြား ပြည်တည်နာဖြစ်ခြင်း

မေး။ ။ ခြေထောက်တွေနာလို့ ပရုတ်ဆီ၊ တောရှောက် ပေါင်းဆေး စတာတွေ လိမ်းလိုက်တာ ခြေထောက်မှာ အရည်ကြည်ဖုတွေ ဖြစ်လာပါတယ်။ အဲဒါကို မနေနိုင်လို့ ဖောက်လိုက်တာမှာ ပြည်တွေတည်ပြီး ပိုဆိုး လာလို့ပါ။ ဆေးခန်းသွားတော့ ဆရာဝန်က ဆေးထိုးပေးပါတယ်။ သုံးရက်ရှိပါပြီ၊ ဘယ်လိုမှ မသက်သာပါဘူး။ အဲဒါ သက်သာအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ ဘာတွေ ဆင်ခြင်ဖို့ လိုပါသလဲ သိချင်လို့ပါ။
ဒေါ်ဝင်းချစ်၊ ကျောက်ပန်းတောင်းမြို့။

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ပူလွန်းတဲ့ လိမ်းဆေးတွေကြောင့် အရေပြား ထိခိုက်ပျက်စီးသွားပြီး ပိုးဝင်တဲ့အတွက် ပြည်တည်နာတွေ ဖြစ်သွားတာပါ။ သင့်တော်တဲ့ ပိုးသတ်ဆေးကို ဆေးပတ်လည်အောင် သောက်ရပါမယ်။ ပိုးသန့်စင်အောင် ပိုးသတ်ဆေးရည်နဲ့ အရေပြားကို ဆေးကြောဖို့လိုပါတယ်။ ဆေးပတ်လည်အောင် ဆေးမှီဝဲဖို့ လိုပါတယ်။ အနာကို သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ထားပါ။ ဆရာဝန်ညွှန်ကြားချက်မှ အပ ဘာဆေးမှ ထပ်မလိမ်းပါနဲ့။ ဆေးပတ်လည်ရင် ကောင်းသွားမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top