Healthy Life Ad
Child

ကျောင်းတွင်းအဆင့် ပိုကောင်းစေမည့် လေ့လာသင်ယူနည်းများ

၊ ကိုမိုး ၊

ကျောင်းတွင်းအဆင့် ကောင်းဖို့အတွက် သင်ခန်းစာတွေကို ဘယ်လို လေ့လာသင်ယူရမလဲဆိုတာ အကြံပြုလိုက်ပါတယ်။

– အစီအစဉ်တစ်ခု ချမှတ်ပါ
တစ်နေ့တာမှာ စာလေ့လာတော့မယ်ဆိုရင် အခက်ခဲဆုံး ဘာသာရပ်ကို အရင်ဆုံးလေ့လာပါ၊ နောက်ဆုံးမှ အလွယ်ဆုံးဘာသာရပ်ကို လေ့လာပါ။ အဲဒီလို အစီအစဉ်ချမှတ်တာက အလုပ်တွင်စေပါတယ်။

– အာရုံစူးစိုက်နိုင်စွမ်းနှင့် မှတ်ဉာဏ်ကောင်းစေမည့်အစာ စားပါ
ဦးနှောက်က အကောင်းဆုံးအဆင့်မှာ အလုပ်လုပ်နိုင်ဖို့ ကျန်းမာတဲ့ လောင်စာလိုပါတယ်။ အခွံမာစေ့၊ ပန်းသီး၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစာတွေက ဦးနှောက်ရဲ့ အာရုံစိုက်နိုင်စွမ်းကို အားကောင်းစေပါတယ်။

– သင်္ချာတွက်ချိန် သီချင်းနားထောင်ပါ
သင်္ချာတွက်ချိန်မှာ သီချင်းအေးအေးလေးတွေကို နားထောင်ပေးတာက အိပ်မငိုက်စေတဲ့အပြင် သင်္ချာပုစ္ဆာတွေကို ကောင်းကောင်း တွက်ချက်နိုင်စေပါတယ်။

– အနှောင့်အယှက် အဟန့်အတားမှန်သမျှ အပြင်တွင်ထားခဲ့ပါ
ဖုန်း၊ လက်ပ်တော့ စတာတွေကို လေ့လာသင်ယူနေချိန် အသုံးမပြုပါနဲ့။ ဖုန်းကို အသံပိတ်ထားပါ၊ လူမှုကွန်ယက်တွေကို ဖွင့်မကြည့်ပါနဲ့။

– အရောင်ခြယ်ပါ
စာပိုဒ်ထဲက အရေးပါတဲ့ စာတချို့ကို အရောင်ခြယ်ပေးရင် မှတ်မိနိုင်စွမ်း ပိုများပါတယ်။

– အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာလျှင် လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာက ဦးနှောက်ရဲ့ အာရုံစိုက်နိုင်စွမ်းကို အားကောင်းစေပါတယ်။ လေ့လာသင်ယူနေချိန် တစ်ချိန်နဲ့တစ်ချိန်ကြား မိနစ်အနည်းငယ်ကြာ လေ့ကျင့်ခန်းလုပ်ပေးပါ။

– မှတ်စုထုတ်ပါ
မှတ်စုထုတ်ပြီး စာကျက်တာကမှတ်မိနိုင်စွမ်းကို အားကောင်းစေပါတယ်။

– အိပ်ရေးဝ၀ အိပ်စက်ပါ
စာမေးပွဲမတိုင်ခင် ညတိုင်း မအိပ်မနေ စာကျက်တာက ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို လျော့နည်းစေပါတယ်။

– မီးရောင် လင်းပါစေ
စာကြည့်စားပွဲ မီးရောင်က လင်းနေမှာ အာရုံစိုက်နိုင်စွမ်း ပိုကောင်းမှာ ဖြစ်ပါတယ်။

– ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်ပါ
မေးခွန်းတွေကို အကုန်ဖြေနိုင်သလားဆိုတာ မေးခွန်းထုတ်ပြီး ဖြေကြည့်ပါ။

– လေ့လာချိန်တစ်ခုနှင့် တစ်ခုကြား အနားယူပါ
လေ့လာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား အနားယူပါ၊ သရေစာ စားပါ၊ တစ်ရေးအိပ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top