Healthy Life Ad
Life Style

အသည်းရောင် ဘီပိုးရှိသူနှင့် အတူနေလျှင်

အသည်းရောင်အသားဝါ ဘီပိုးရှိတဲ့သူနဲ့ အတူနေတဲ့အခါ ဘယ်လိုအခြေအနေတွေမှာ ကူးစက်နိုင်သလဲဆိုတာ သိစေဖို့ ဖော်ပြလိုက်ပါတယ်။

– ပိုးပါနေတဲ့ အပ်အမျိုးမျိုး၊ ဥပမာ ဆေးထိုးအပ်၊ တက်တူးထိုးအပ်၊ အပ်စိုက်ကုအပ်၊ နားဖောက်အပ်၊ မူးယစ်ဆေးထိုးအပ် စတဲ့ အပ်တွေကတဆင့် ကူးစက်နိုင်ပါတယ်။

– ဘီပိုးရှိသူ ယောကျာ်း-မိန်းမနဲ့ လိင်ဆက်ဆံရာမှ အကာအကွယ်မသုံးရင် ကူးစက်နိုင်တယ်။

– ဘီပိုးရှိတဲ့ မိခင်ကနေ ကလေးကို ခွဲမွေးတာပဲဖြစ်ဖြစ်၊ ရိုးရိုးမွေးတာပဲဖြစ်ဖြစ် ကူးစက်နိုင်ပါတယ်။ ဒါကို ကလေးမှာ ဘီပိုးမကူးအောင် ကာကွယ်နိုင်ပါတယ်။

– သွေး ဒါမှမဟုတ် ခန္ဓာကိုယ်ကထွက်တဲ့ အရည်နဲ့ ထိတွေ့မိရင်လည်း ဘီပိုးကူးစက်နိုင်ပါတယ်။ သွားတိုက်တံ၊ အမွေးရိတ်ဓား၊ လက်သည်းညှပ်စတာတွေကို ဘီပိုးရှိသူနဲ့အတူ မျှဝေသုံးရင်လည်း ကူးစက်နိုင်ပါတယ်။

ကာကွယ်နည်း
ဘီပိုးမကူးစက်စေဖို့ အကောင်းဆုံး ကာကွယ်နည်းက ကာကွယ်ဆေးကို အပြည့်အဝ ထိုးနှံထားဖို့ပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top