Healthy Life Ad
Life Style

မိတ်ကပ်နဲ့ ပတ်သက်တဲ့ ထင်မြင်ချက်တွေက တကယ်ယုံသင့်သလား

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

– အယူအဆ (၁)
အနီရောင်နှုတ်ခမ်းနီက လူတိုင်းနဲ့ မလိုက်ဖက်ပါဘူး။

– အမှန်
တကယ်တော့ အနီရောင်နှုတ်ခမ်းနီက လူတိုင်းနဲ့ လိုက်ဖက်ပါတယ်။ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ အနီရောင်ကိုရွေးချယ်ပြီး ဆိုးပေးဖို့ပဲ လိုအပ်တာပါ။


– အယူအဆ (၂)
ခြောက်သွားပြီဆိုရင် မက်စ်ကာရာကို လွှင့်ပစ်သင့်နေပါပြီ။

– အမှန်
မက်စ်ကာရာရဲ့သက်တမ်းက စသုံးလိုက်ပြီဆိုတာနဲ့ သုံးလပဲ ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မက်စ်ကာရာက ကြာကြာသုံးရင် မျက်စိတွင်း ကူးစက်ပိုး ဝင်လွယ်လို့ပါ။ အချိန်ကြာကြာသုံးလိုက်ရင် မက်စ်ကာရာက ဘက်တီးရီးယားပိုးပေါက်ဖွားတတ်ပြီး မျက်စိထဲပိုးဝင်နိုင်ပါတယ်။


– အယူအဆ (၃)
မက်စ်ကာရာကို ဆေးရည်ပြွန်ထဲ ခဏခဏ ထည့်စိမ်ပေးရင် မျက်တောင်မှာ အထွေးလိုက်ကပ်နေတတ်တယ်။
– အမှန်
ဒါက မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြွန်ထဲကို လေပူဖောင်းတွေ ဝင်သွားပြီး မက်စ်ကာရာရဲ့ သက်တမ်းလျော့ကျသွားလို့ပါ။


– အယူအဆ (၄)
မိတ်ကပ်အလှကုန်တွေမှာ သက်တမ်းကုန်တဲ့ရက်စွဲက အရေးမကြီးပါဘူး၊ မကုန်မချင်း သုံးရုံပဲလေ။
– အမှန်
ဒါကတော့မဟုတ်ပါဘူး။ အလှကုန် ပစ္စည်းတွေမှာ အရေးကြီးဆုံးအရာကသက်တမ်းပါပဲ။ ဒါကြောင့် အလှကုန်ထုတ်လုပ်သူတွေကပါကင်ဘူးပေါ်မှာ သက်တမ်းကိုထည့်ရေးရတာ ဖြစ်ပါတယ်။ တချို့အလှကုန်တွေက ဖွင့်လိုက်တာနဲ့ စပြီး သက်တမ်းမှတ်ရတာမျိုးပါ။ခေတ်မီတဲ့ မိန်းကလေးတွေက မိတ်ကပ်အလှ ကုန်တွေကို ဘယ်လို ရွေးချယ်ရမယ်၊ ဘယ်လိုလိမ်းရမယ် ဆိုတာကိုသိချင်ကြပါတယ်။ အဲဒီမှာ အကြံပြုချက်တိုင်းက ယုံသင့်သလား ဆိုတာကိုတော့ ဆန်းစစ်ဖို့ လိုလာပါ ပြီ။ ဒါကြောင့် မိတ်ကပ်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေကို တကယ်ယုံ သင့်သလား သိနိုင်အောင် ဖော်ပြ လိုက်ပါတယ်။


– အယူအဆ (၅)
အိပ်ရာမဝင်ခင် မိတ်ကပ်တွေ ဖျက်စရာမလိုဘူး– အမှန်
မဟုတ်ပါဘူး။ ညဘက်မှာမိတ်ကပ်လိမ်းပြီးအိပ်ရင် ချွေးပေါက်ပိတ်ပြီးအရေပြားရေဓာတ်ခမ်းခြောက်တာနဲ့ ကူးစက်ပိုး ဝင်တာတို့ကိုဖြစ်စေနိုင်ပါတယ်။ အိပ်စက်ချိန်မှာ အသားအရေက ပြန်လည်အားဖြစ်ပြီး စိုပြည်လန်းဆန်းစေလို့ပါ။


– အယူအဆ (၆)
တစ်ယောက်တည်းသုံးတယ်ဆိုရင် မိတ်ကပ် ဘရပ်ရှ်တွေကို လျှော်စရာမလိုပါဘူး။

– အမှန်
မိတ်ကပ်ဘရပ်ရှ်တွေက အလှကုန်တွေနဲ့ ထိတွေ့ပြီး စိုစွတ်နေချိန်မှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားတတ် ပါတယ်။ မိတ်ကပ်ဘရပ်ရှ်တွေကို မလျှော်တာ ကြာလေလေ၊ ဘက်တီးရီးယားတွေ ပိုမိုပေါက်ပွားလေလေ ဖြစ်ပါတယ်။ အဲဒါက အရေပြားမှာ ပိုးဝင်ကူးစက်မှုကို ဖြစ်စေရုံသာမက ဘရပ်ရှ်တွေရဲ့ သက်တမ်းကိုပါ လျော့ကျစေပါတယ်။


– အယူအဆ (၇)
အလှကုန်ပစ္စည်းတွေကို ဘယ်နေရာထားထား အဆင်ပြေတယ်

– အမှန်
မဟုတ်ပါဘူး။ အလှကုန်တွေကို သေချာသိမ်းမထားရင် သတ်မှတ်ရက်မတိုင်ခင်ပျက်စီးနိုင်ပါတယ်။ အများအားဖြင့် အလှကုန်တွေကို အေးပြီးမှောင်တဲ့နေရာမှာ ထားသင့်ပါတယ်။


– အယူအဆ (၈)
နေ့တိုင်း ရေစိုခံမက်စ်ကာရာ လိမ်းသင့်ပါတယ်။

– အမှန်
မိုးရေထဲ မသွားရင် ရေစိုခံမက်စ်ကာရာကို နေ့တိုင်းလိမ်းစရာမလိုပါဘူး။ ရိုးရိုးမက်စ်ကာရာကို လိမ်းရုံနဲ့ရပါတယ်။ ရေစိုခံမက်စ်ကာရာဆိုးရင် ညနေခင်းမှာ ဖျက်ရခက်ပြီး ပွတ်တိုက်ဖန်များရင် မျက်တောင်တွေကို အားနည်းစေနိုင်ပါတယ်။

– အယူအဆ (၉)
ဖောင်ဒေးရှင်းမိတ်ကပ်မလိမ်းခင် ကွန်ဆဲလ် လာလိမ်းပေးပါ

– အမှန်
အရင်ဆုံး ဖောင်ဒေးရှင်းမိတ်ကပ်လိမ်းပါ၊ ပြီးမှ အရေပြားအပြစ်အနာအဆာတွေကို ကွန်ဆဲလ်လာ လိမ်းပြီးဖုံးအုပ်သင့်ပါတယ်။ လိုအပ်တာထက် ပိုမ သုံးမိတဲ့အတွက် မိတ်ကပ်က ပိုပြီး သဘာဝကျကျ ပြေပြစ်နေမှာပါ။

– အယူအဆ (၁၀)
ဖောင်ဒေးရှင်းမိတ်ကပ်က အသားအရေမှာ ဆိုးကျိုးသက်ရောက်စေပါတယ်။

– အမှန်
အခုခေတ်ဖောင်ဒေးရှင်းမိတ်ကပ်တွေမှာ အသားအရေထိန်းပေးတဲ့ ပါဝင်ပစ္စည်းတွေ၊ နေကာနိုင်စွမ်းနဲ့ အသားအရေ ကာကွယ်တဲ့အရာတွေ ပါဝင်တာကြောင့် တစ်နေ့လုံးစိုပြည်နေပါလိမ့်မယ်။ သင့်အသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ကိုရွေးချယ်ပါ။

– အယူအဆ (၁၁)
ဖောင်ဒေးရှင်းမိတ်ကပ်ကို မျက်ဝန်းတစ်ဝိုက် မလိမ်းသင့်ဘူး။

– အမှန်
အယ်လ်ကိုဟော ပါဝင်မှုမရှိတဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ဆိုရင် အသားအရေကို ခြောက်သွေ့မှု မဖြစ်စေပါဘူး။ မျက်ဝန်းနားတစ်ဝိုက် လိမ်းပေးရင် အရေးကြောင်းမထင်စေပါဘူး။

– အယူအဆ (၁၂)
မျက်ခုံးက ဆံပင်ထက် နှစ်ဆင့်လောက် ပိုအရောင်ရင့် သင့်တယ်။

– အမှန်
သင့်ဆံပင်အရောင်က လင်းလက်နေမှသာ ဒီစည်းမျဉ်းကို လိုက်နာပါ။ ရွှေအိုရောင်ဆံပင်ဆိုးထားရင် မည်းနက်တဲ့မျက်ခုံးမျိုးတော့ မဖြစ်သင့်ပါဘူး။

– အယူအဆ (၁၃)
နှုတ်ခမ်းတွေ ပိုပြည့်သယောင်ထင်ရစေဖို့ အနားကွပ်ပေးသင့်တယ်။

– အမှန်
တကယ်တော့ နှုတ်ခမ်းကို အလွန်အမင်းပုံ ဖော်လွန်းရင် တကယ်မပြည့်မှန်း သိသာတတ်ပါတယ်။ နှုတ်ခမ်းကို မျက်နှာလိမ်းပေါင်ဒါနည်းနည်း တို့ပေးပြီး အောက်နှုတ်ခမ်းအလယ်မှာ နှုတ်ခမ်းဆိုး ဆေးအဆီတို့ပေးပါ။ အလင်းအနေအထားကြောင့် သင့်နှုတ်ခမ်းသားက ပိုပြည့်သယောင်ထင်ရပါတယ်။


– အယူအဆ (၁၄)
မည်းနက်တဲ့ အိုင်းလိုင်နာသုံးရင် မျက်ဝန်းကို ပိုကြီးစေတယ်။

– အမှန်
မီးခိုးရောင်မျက်ဝန်းအလှပိုင်ရှင်အတွက် အရောင်ရင့်တဲ့ အိုင်းလိုင်နာဆိုးရင် မျက်ဝန်းကို ပိုပေါ်လွင်စေပါတယ်။ ဒါပေမဲ့အချွန်အတက်တွေ ဆွဲပေးရင် မျက်ဝန်းကို ပိုသေးသယောင်ထင်ရစေပါတယ်။ မျက်ဝန်းပိုကြီးမားသ ယောင်ထင်ရစေဖို့ အိုင်းရှဲဒိုးအနည်းငယ်လိမ်းပါ၊ မျက်ခမ်းအတွင်းကို အိုင်းလိုင်နာဆွဲပါ။


– အယူအဆ (၁၅)
ဖောင်ဒေးရှင်းမိတ်ကပ်ကို မျက်ဝန်းတစ်ဝိုက် မလိမ်းသင့်ဘူး။

– အမှန်
အယ်လ်ကိုဟော ပါဝင်မှုမရှိတဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ဆိုရင် အသားအရေကို ခြောက်သွေ့မှု မဖြစ်စေပါဘူး။ မျက်ဝန်းနားတစ်ဝိုက် လိမ်းပေးရင် အရေးကြောင်းမထင်စေပါဘူး။


– အယူအဆ (၁၆)
အပြာရောင် အိုင်းရှဲဒိုးက ခေတ်မမီဘူး

– အမှန်
အခုနောက်ပိုင်း အပြာရောင်အိုင်းရှဲဒိုးနဲ့ မျက်ဝန်းပြာက ဖက်ရှင်ဖြစ်လာပါတယ်။ သင်သဘောကျရင် ဝတ်စုံအ ရောင်နဲ့တွဲဖက်ပြီး လိမ်းနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top