Healthy Life Ad
Health Tips

ကီဝီသီး စားသင့်သည့် အကြောင်းရင်းများ

၊ မီမိုး၊ (ဆေးဝါးတက္ကသိုလ်)

– အစာကြေညက်စေပါတယ်
ကီဝီသီးထဲမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက အစာကြေညက်စေပါတယ်။ လေပွတာနဲ့ လေထတာကိုလည်း ကင်းစင်စေပါတယ်။
– ကိုယ်ခံအားစနစ်ကို ကျန်းမာစေပါတယ်
ကီဝီသီးစားရင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်လို့ လတ်တလောလေ့လာမှုတွေအရ သိရပါတယ်။ ကီဝီသီးစားရင် စိတ်ဖိစီးမှုရဲ့သက်ရောက်မှုကို လျော့ကျစေပြီး ကိုယ်တွင်းရောင်ရမ်းမှု ဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရဲ့ တိုက်ခိုက်မှုကို သက်သာစေပါတယ်။

– အင်တီအောက်ဆီးဒင့်နဲ့ ဖိုင်တိုကမ်မီကယ်ပါဝင်မှု များပါတယ်
ဖရီးရယ်ဒီကယ်တွေက လူ့ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်စေပါတယ်။ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ဖို့ ကာရိုတီးနွိုက်နဲ့ ပိုလီဖီနောဓာတ်လိုအပ်ပါတယ်။ ကီဝီသီးဟာ အဲဒီ အင်တီအောက်ဆီးဒင့်တွေပါဝင်တဲ့အတွက် မကောင်းတဲ့ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

– ဖောလိတ်နှင့် ပိုတက်ဆီယမ်
ဗိုက်ထဲက သန္ဓေသားလေးတွေကို မွေးရာပါ ချို့ယွင်းချက်မပါစေဖို့ ဖောလိတ်ဓာတ်က ကူညီပေးပါတယ်။ ဖောလိတ်ဓာတ်ပါဝင်မှုအများဆုံး သဘာဝအစာတစ်မျိုးက ကီဝီသီးပါ။ ကီဝီသီးမှာပါတဲ့ ဖောလိတ်ဓာတ်က နှလုံးသွေးကြောရောဂါတွေကို ကာကွယ်ပေးရုံသာမက ဦးနှောက်ဖွံ့ဖြိုးမှုနဲ့တွေးခေါ်နိုင်စွမ်းဖွံ့ဖြိုးမှုကိုပါ အားကောင်းစေပါတယ်။

– ပိုတက်ဆီယမ်
ကီဝီသီးမှာ ပါတဲ့ ပိုတက်ဆီယမ်က ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်နဲ့ ပမာဏ အတူတူနီးပါး ပါပဲ။ ဒါပေမဲ့ ကီဝီသီးတစ်လုံးမှာပါတဲ့ ကယ်လိုရီက ငှက်ပျောသီးတစ်လုံးမှာပါတဲ့ ကယ်လိုရီထက် ထက်ဝက်နီးပါးလျော့ကျသွားပါတယ်။ ကီဝီသီးဟာ သွေးဖိအားကို ထိန်းသိမ်းပေးတဲ့အတွက် နှလုံးကျန်းမာစေပါတယ်။

– ဗီတာမင်စီ
တစ်နေ့တာ ဗီတာမင်စီများများ ရရှိဖို့အတွက် လူတစ်ယောက်က ကီဝီသီးတစ်စိတ်လောက်တော့ စားပေးသင့်ပါတယ်။ ကီဝီသီးမှာပါတဲ့ ဗီတာမင် စီက လိမ္မော်သီးမှာထက် နှစ်ဆပိုမိုပါဝင်ပါတယ်။

– မှတ်ချက်
ကီဝီသီးကို အာဟာရရှိတဲ့ သစ်သီးစာရင်း ထဲမှာထိပ်တန်းကထည့်ထားပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုများပြီး အာဟာရတန်ဖိုးမြင့်မားတဲ့အစာပါ။ တချို့ကလည်း ညဘက်မှာ ကီဝီသီး စားပြီးအိပ်ရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတယ် လို့ဆိုကြပါတယ်။

(Def; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top