Healthy Life Ad
International

ပုံမှန်ထက် လေးဆကြီးနေသည့် ခြေထောက်ကြောင့် လမ်းလျှောက်ရန် ခက်နေသော သုံးနှစ်အရွယ်ကလေးငယ်

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံ၊ ဒေလီမှ သုံးနှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ ရှားပါးတဲ့မျိုးဗီဇရောဂါ တစ်ခုရကာ ခြေထောက်က ပုံမှန်အရွယ်အစားထက် ၄ ဆရောင်နေခဲ့ပါတယ်။ သူခံစားနေရတဲ့ Klippel-Trenaunay Syndrome (KTS) ရောဂါက လူတစ်သိန်းမှာ တစ်ယောက်သာဖြစ်နိုင်ခြေရှိပါတယ်။

ရောဂါကြောင့် ခြေလှမ်းအနည်းငယ်လှမ်းပြီးတိုင်း ခြေထောက်က သွေးထွက်လာနေကာ မူကြိုကျောင်း မသွားနိုင်ဖြစ်နေရပါတယ်။ ကလေးငယ်က ရောဂါအကြောင်းမသိသေးဘဲ ခြေထောက်တစ်ဖက်ကြီးတာကို ဆုလာဘ်တစ်ခုအဖြစ် ဂုဏ်ယူနေပြီး မိဘတွေက ကလေးငယ်သေးတာကြောင့် အဖြစ်မှန်ကို မပြောသေးဘူးလို့သိရပါတယ်။

KTS ရောဂါက သွေးကြောတွေ၊ တစ်သျှူးတွေ၊ အရိုးတွေရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဓိကဆိုးကျိုး သုံးခုရှိပြီး မွေးရာပါအမှတ်ထင်မှု၊ အရိုးတွေအလွန်အကျွံကြီးထွားမှုနဲ့ သွေးကြောထုံးတာတို့ဖြစ်ပါတယ်။ ကလေးဆရာဝန် ဒေါက်တာကရစ်ရှန်ချုအဆိုအရ သွေးကြောတွေ ဖွဲ့စည်းပုံမကျတာကြောင့်ဖြစ်ပေါ်ပြီး ကလေးတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။

ကလေးမိဘတွေက ရောဂါပျောက်ကင်းအောင် ဆေးကုသဖို့ကြိုးစားနေပြီး ဝေဒနာခံစားနေရတဲ့ သားငယ်အတွက် စိတ်ထိခိုက်ရကြောင်းပြောပါတယ်။ ဒေလီမှာရှိတဲ့ ဆရာဝန်ပေါင်းစုံကို သွားပြဖူးပြီး သင့်တော်တဲ့ကုထုံးကို မတွေ့သေးကြောင်းဆိုပါတယ်။ ကလေးအသက်ကြီးလာတာနဲ့အမျှ ခြေထောက်ကလည်း တစ်နေ့တခြားကြီးလာနေတာကြောင့် ကလေးကျန်းမာရေးအတွက် မိဘတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top