Healthy Life Ad
Life Style

နှစ်သစ်ကစပြီး ထူးခြားသောအောင်မြင်မှုများ ရရှိနေစေမည့်နည်းခုနစ်သွယ်

၊ ကိုမိုး ၊

နှစ်သစ်ကိုရောက်လာပါပြီ။ ကျွန်တော်တို့တစ်တွေနှစ်သစ်ကို မျှော်လင့်ချက်တွေ အများကြီးနဲ့ စတင်ရပါတော့ မယ်။ နှစ်သစ်ကိုရောက်လာချိန်မှာ အရင်နဲ့မတူဘဲထူးခြားတဲ့ အောင်မြင်မှုတွေပိုင်ဆိုင်ချင်တယ်ဆိုရင် အလုပ် တွင်ကျယ်စေဖို့ နည်းလမ်းကောင်းတွေကိုလုပ်ဆောင်ပေးရပါမယ်။

(၁) အပြောင်းအလဲအတွက် ပြင်ဆင်ပါ
ဘဝမှာ အပြောင်းအလဲလုပ်တယ်ဆိုတာ သဘာဝပါပဲ။ လုပ်ငန်းခွင်မှာလည်း ဒီအတိုင်းပါပဲ။ ပြောင်းလဲမှုမလုပ် ရင် တိုးတက်မှုဆိုတာ ရှိလာတော့မှာမဟုတ်ပါဘူး။ သင့်အလုပ်မှာ ပြောင်းလဲမှုလုပ်မယ်ဆိုရင် နည်းလမ်းနှစ်ခု ကိုလိုက်နာရပါမယ်။

ပထမနည်းတစ်ခုကစားသုံးသူ (ဃကျအသာနမ) တွေဘက်ကဘယ်လိုအပြောင်းအလဲကို မျှော်မှန်းသလဲဆို တာကို နားထောင်ပေးဖို့ပဲဖြစ်ပါတယ်။

ဒုတိယနည်းလမ်းတစ်ခုက သင့်ထုတ်ကုန်တွေကို ပိုပြီးစိတ်ကျေနပ်မှုရှိလာအောင် ဖန်တီးပေးဖို့ပဲဖြစ်ပါတယ်။

(၂) ကျေနပ်ရောင့်ရဲမနေပါနှင့်
ယခင်နှစ် မှာလုပ်သလောက် လုပ်နေရုံနဲ့အောင်မြင်တိုးတက်မှု ပိုရှိလာမှာမဟုတ်ပါဘူး။ ယခုနှစ်မှာ ပိုမိုတိုးတက် အောင်မြင်လာချင်တယ်ဆိုရင်ဦးနှောက်စွမ်းရည်ကိုအသုံးချပြီး ပိုမိုကြိုးစားလုပ်ကိုင်ပေးရပါမယ်။

(၃) အလုပ်တာဝန် ခွဲဝေပေးပါ
အလုပ်ရှင်တွေ၊ အသင်းခေါင်းဆောင်တွေအတွက် အရေးကြီးဆုံးလုပ်ဆောင်ရမယ့်အရာပါ။ လွယ်ကူတဲ့အလုပ် တွေကို အလုပ်တာဝန်ခွဲဝေပေးတာကြောင့် အချိန်ကုန်သက်သာသွားပါလိမ့်မယ်။ အဲဒီအခါ ကိုယ့်အတွက်ပိုမို အကျိုးရှိပြီး ထိရောက်တဲ့အလုပ်တွေကို လုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။

အသေးအဖွဲတွေကို လုပ်ဆောင်နေမယ့်အစား စားသုံးသူတွေဆီကိုပေးမယ့် ထုတ်ကုန်တွေကို ပိုမိုကောင်းမွန် အောင် ဘယ်လိုဖန်တီးရမလဲဆိုတာမျိုး ကိုပဲစဉ်းစားတွေးခေါ်သင့်ပါတယ်။

(၄) စာဖတ်ပါ၊ စာဖတ်ပါ
စာပေဖတ်ရှူလေ့လာတာက လုပ်ငန်းခွင်မှာ အောင်မြင်လာအောင်ပံ့ပိုးပေးနိုင်မယ့် အကောင်းဆုံးအထောက် အပံ့ကောင်းပါ။ တန်ဖိုးရှိတဲ့စာအုပ် စာပေတွေက သင့်လုပ်ငန်းတိုးတက်မှုအတွက် ဗဟုသုတဟင်းလေးအိုးကြီး ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ပါ။ ပညာရမယ့် စာကိုဖတ်ပါ။

(၅) ကြီးမားသော နှလုံးသားကိုအရင်းတည်ပါ
လုပ်ငန်းခွင်ရဲ့ အကြီးအကဲဖြစ်ချင်ရင် လူတွေကိုကူညီနိုင်ဖို့နဲ့ အကောင်းဆုံးထုတ်ကုန်ပေးနိုင်ဖို့ စဉ်းစားပါ။ နှလုံး သားကိုအရင်းတည်ပြီး လုပ်ဆောင်တဲ့အခါပေးဆပ်မှုနဲ့ ထပ်တူညီတဲ့ရလဒ်ကောင်းကို ရရှိလာမှာဖြစ်ပါတယ်။

(၆) ပန်းတိုင်ကိုကြည့်ပါ
ဘယ်အလုပ်ပဲဖြစ်ဖြစ် ကြိုးစားရုန်းကန်ချိန်မှာ ပင်ပန်းခက်ခဲပါလိမ့်မယ်။ လုပ်ဆောင်မှုတိုင်း အောင်မြင်မှုရမလာ တဲ့အတွက် စိတ်ဓာတ်မကျပါနဲ့။ ပန်းတိုင်ကို ကြည့်ပြီးကြိုးကြိုးစားစား လုပ်ကိုင်ပေးပါ။

(၇) အလုပ်လုပ်ပြီးတိုင်း အပန်းဖြေပါ
အောင်မြင်ဖို့ ပင်ပင်ပန်းပန်းကြိုးစားဖို့ လိုပါတယ်။ အဲဒီလိုကြိုးစားပြီးတိုင်းပြန်လည် အနားယူပေးပါ။ ဒါမှစွမ်းအင် ပိုရှိလာပြီး နောက်ထပ်အလုပ်တွေ လုပ်ဆောင်နိုင်မယ့် ခွန်အားအပြည့်ရှိနေမှာပါ။ အလုပ်ချည်းလုပ်ပြီး မိသားစု၊ မိတ်ဆွေသူငယ်ချင်း စတာတွေနဲ့ အပန်းဖြေချိန်မရှိရင်လည်း ဘဝကအဓိပ္ပာယ်မရှိသလို ထင်မှတ်သွားစေနိုင် ပါတယ်။

(Ref;DSM)

Most Popular

Healthy Life Ad
To Top