Healthy Life Ad
Life Style

၀တ်မှုံရွှေရည်၏ ကျန်းမာလှပလူမှုဘဝ

– တစ်နေ့တာအတွက် အသားအရေကို ဘယ်လိုထိန်းသိမ်းဖြစ်ပါသလဲ။

ကစ်က ရေတော့များများသောက်ပါတယ်။ တခြားဘာမှတော့ သိပ်မလုပ်ဖြစ်ပါဘူး။ အသားအရေကလည်းပါးပြီး မိတ်ကပ်ကလည်း အမြဲလိမ်းနေရတော့ မျက်နှာကို မိတ်ကပ်မဖျက်ဘဲနဲ့တော့ ဘယ်တော့မှ မအိပ်ပါဘူး။ ညဘက်အိပ်ရင်လည်း ညလိမ်းခရင်မ်လိမ်းပြီး အိပ်ဖြစ်ပါတယ်။ ပေါင်းတင်ဖြစ်ပါတယ်။

– ကျန်းမာရေးနဲ့ အလှအပအတွက် လိုက်နာလေ့ရှိတဲ့ နည်းလမ်းကောင်းလေးတွေရှိရင်လည်း ပြောပြပေးပါဦး။

ကစ်က အလှအပအတွက်ရယ်လည်း မဟုတ်ပါဘူး။ ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေ လုပ်လို့ရမှာဖြစ်လို့ ကျန်းမာအောင်နေတယ်။ ကိုယ်က အနုပညာရှင်ဖြစ်တဲ့အတွက်ကြောင့် လှပနေအောင်၊ တက်ကြွအောင်နေရတယ်။ ရေတော့ များများသောက်တယ်၊ အစားအသောက်ကတော့ ပုံမှန်ပဲစားတယ်၊ အသီးအနှံတွေလည်း ကြိုက်တော့ စားဖြစ်ပါတယ်။

– အပြင်အစားအစာနဲ့ အိမ်မှာချက်တဲ့ အစားအစာဘယ်ဟာကို ပိုစားဖြစ်လဲ။

ကစ်တို့က အပြင်မှာနေရတဲ့အချိန်က အိမ်မှာနေရတဲ့ အချိန်ထက် ပိုများတယ်လေ။ ရှုတင်မှာကတော့ အဆင်ပြေသလိုပဲပေါ့နော်။ အိမ်မှာဆိုရင်တော့ အိမ်မှာချက်တာကို စားရတာပေါ့။ အပြင်စာက ကြိုက်တယ်လို့တော့ မဟုတ်ဘူး။

– အစားအသောက်ကို ကျန်းမာရေးနဲ့ညီညွတ်အောင် စားဖြစ်သလား။

ကစ်က အစာတွေကို အများကြီးမစားတတ်တော့ ဝိတ်ထိန်းပြီးသား ဖြစ်နေတာပါ။ အသီးအနှံတွေတော့ ကြိုက်တယ်၊ အသီးအရွက်ကြော်တွေကိုတော့ များများလေး စားဖြစ်ပါတယ်။

– စိတ်ဖိစီးမှုရှိလာရင် ဘယ်လိုမျိုး ထိန်းချုပ်ဖြစ်သလဲ။

ကစ်တို့ အနုပညာရှင်တွေမှာ စိတ်ဖိစီးမှုဆိုတာမျိုးကတော့ အမြဲလိုလိုရှိနေတာပါပဲ။ ရှုတင်တွေမှာပဲ ပျော်အောင်နေတယ်၊ အကောင်းဆုံး သရုပ်ဆောင်တယ်၊ သီချင်းနားထောင်တယ်။ အိပ်ရေးဝ၀ အိပ်ပစ်လိုက်တယ်။

– ကိုယ့်မိဘ၊ ဆွေမျိုးတွေကိုရော ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကြံပြုစကား ပြောလေ့ရှိလား။

ကြုံရင်ကြုံသလိုတော့ ပြောပြဖြစ်ပါတယ်။ ရေများများသောက်တာ ကောင်းတယ်ဆိုတာမျိုး၊ နေပူထဲသွားရင်လည်း ထီးယူသွားသင့်တယ်ဆိုတာမျိုးလေးတွေတော့ ပြောပြဖြစ်ပါတယ်။

– ကျန်းမာရေး စစ်ဆေးမှုလေးတွေကိုရော ပုံမှန်လုပ်ဖြစ်လား။

ကျန်းမာရေးစစ်ဆေးမှုတွေကို လုပ်တော့လုပ်ဖြစ်ပါတယ်။ ပုံမှန်တော့ မလုပ်ဖြစ်ပါဘူး။ နေလို့ မကောင်းဘူးလို့ ထင်တဲ့အချိန်မျိုးကျမှပဲ လုပ်ဖြစ်တာများပါတယ်။

– ပရိသတ်တွေကို ဘယ်လိုကျန်းမာရေးအကြံပြုစကား ပြောကြားချင်ပါသလဲ။

အခု ရာသီဥတုက မမှန်ပါဘူး။ နေတအားပူလိုက်၊ မိုးရွာလိုက်ဆိုတော့ ပရိသတ်ကြီး အပြင်သွားရင် ထီးလေးဆောင်သွားဖို့မမေ့ကြပါနဲ့လို့ အကြံပေးချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top