Healthy Life Ad
Life Style

နှစ်သစ်ကစပြီး ဒေါသကို ဘယ်လို ထိန်းကြမလဲ

၂၀၁၇ တစ်နှစ်လုံးကို ပြန်သုံးသပ်ကြည့်ရ အောင်။ ဒေါသထွက်တဲ့ အခိုက်အတန့်တွေ၊ အချိန် အခါတွေ ဘယ် လောက်တောင်များခဲ့သလဲ . .၊ ဒေါသ ထွက်တဲ့အခါ ဘယ်လောက်တောင်မှားခဲ့သလဲ . . ၊ ဒေါသထွက်ပြီး အ ပေါင်းအသင်းမိတ်ဆွေတွေနဲ့ အ ခင်အမင်ပျက်ခဲ့တာ ဘယ်လောက်များခဲ့ပြီလဲ . . အဲဒါတွေကို ပြန်သုံးသပ်ပြီး နှစ်သစ်မှာ ဒေါသကိုတတ် နိုင်သမျှ ထိန်းချုပ်မယ်ဆိုတဲ့ စိတ်ထား၊ သဘော ထားကိုထားရှိသင့်ပါတယ်။ ဒေါသ ကို ထိန်းချုပ်ရတာ မလွယ်ပါဘူး။ ဒါပေမဲ့ ဒေါသကို ကောင်းကောင်း ထိန်းချုပ်နိုင်ပြီဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေ ပါလိမ့်မယ်။ ဒေါသထွက်တာကြောင့် သွေးတိုးတာ၊ နှလုံးရောဂါထတာ စတာတွေ ဖြစ်တတ်တဲ့အ တွက် ဒေါသထွက်တိုင်း အောက်ပါနည်းလမ်းတွေနဲ့ ထိန်း ချုပ်ကြဖို့ အကြံပြုပါရစေ။

အသက်ပြင်းပြင်းရှူသွင်း/ရှူထုတ်လုပ်ပါ

နှာခေါင်းကနေ အသက်ရှူသွင်းပြီး ဝမ်းဗိုက် တစ်ခုလုံး ပြည့်တင်းတဲ့အထိ ထားပါ။ ပြီးရင် ပါးစပ် ကနေ လေတွေ ပြန်ရှူထုတ်လိုက်ပါ။ ဒေါသနဲ့ ဖိစီးမှု ထက်ဝက်လောက် လျှော့သွားတဲ့အထိ လုပ်ဆောင် ပေးပါ။

တစ် မှ ၁၀ အထိ ဖြည်းဖြည်းချင်း ရေတွက်ပါ

ဒေါသထွက်နေချိန် တစ်ခုခု မတုံ့ပြန်မိခင်မှာ တစ်ကနေ ၁၀ အထိ ဖြည်းဖြည်းချင်း ရေတွက်လိုက်ပါ။ လိုအပ်ရင် ထပ်ခါထပ်ခါ လုပ်ဆောင်ပေးဖို့ လိုပါတယ်။

စိတ်တည်ငြိမ်အေးချမ်းမှုရှိသော တေးသီချင်းများ ကို နားဆင်ပါ

ဒေါသကြီးတဲ့သူတွေက အေးအေးငြိမ့်ငြိမ့်ရှိတဲ့ တေးသီချင်းတွေကို နားထောင်တာကြောင့် စိတ်ဖိစီးမှုလျော့ပါး ပြီး စိတ်သက်သာရာ

ရသွားတတ်ပါ တယ်။ အဲဒီအခါ ဒေါသဖြစ်စေတဲ့ အခြေအနေတွေ ပေါ်ပေါက်လာချိန်မှာ တောင် စိတ်အေးလက်အေး ရှိတတ်ကြပါတယ်။

ဆွဲဆန့်လေ့ကျင့်ခန်း သို့မဟုတ် နှိပ်နယ်ခြင်းဖြင့် တင်းမာနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြေလျှော့ပါ

ဒေါသထွက်တဲ့အခါတိုင်း သင့်ခန္ဓာကိုယ်တချို့ အစိတ်အပိုင်းတွေက တောင့်တင်းသွားတတ်ပါတယ်။ အဲဒီအခါ တောင့်တင်းနေတဲ ့ကြွက်သားတွေကို ဖြေလျှော့ပေးမှသာ စိတ်ကြောင့်ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်မှုမရှိ တော့မှာ ဖြစ်ပါတယ်။ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်လိုက်ပါ ဒါမှမဟုတ် ပခုံးနဲ့ ဦးခေါင်းကို နှိပ် နယ်ပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ

ဒေါသထိန်းနိုင်ဖို့ အားကစားခန်းမမှာ သွားပြီး လေ့ကျင့်ခန်း လုပ်ရမယ်လို့ မဆိုလိုပါဘူး။ တစ်မိုင်လောက် လမ်းလျှောက်တာ ဒါမှမဟုတ်

ခပ်သွက်သွက်ပြေးတာတို့ လုပ်လိုက်ရင် စိတ်နဲ့ခန္ဓာကို အား ရှိသွားစေပါတယ်။

စိတ်ထဲ ခံစားရသမျှ စာထဲ ချရေးပါ

ဒေါသထွက်နေချိန် ပေါက်ကွဲပစ်လိုက်တာ ထက်တစ်ယောက်တည်း စိတ်ထဲရှိသမျှ အတွေးတွေ ကိုချရေးပစ် လိုက်တာက ရေရှည်

အတွက် ပိုအဆင်ပြေပါတယ်။ ဒေါသထွက်တဲ့အတိုင်း ပေါက်ကွဲလိုက်ရင် ပေါင်းသင်း ဆက်ဆံရေးကို ထိခိုက်သွားစေနိုင်ပါ တယ်။ စာထဲချရေးလိုက်တာက သင့်မျက်လုံးပဲသိတဲ့အတွက် ဘယ်သူမှ နာကျင်ရမှာ မဟုတ်သလို ပေါင်းသင်းဆက်ဆံရေးလည်း မထိခိုက်တော့ပါဘူး။

စိတ်သက်သာရာရစေမည့် နည်းလမ်းများ ရှာဖွေပါ

စိတ်တိုဒေါသထွက်တာ လျော့ပါးသွားတဲ့တိုင်အောင် သင်ဝါသနာပါတဲ့ အရာကိုလုပ်ဆောင်ပေးပါ။ ဥပမာ သင်က ပန်းချီဆွဲတာဝါသနာပါရင် ပန်းချီဆွဲပါ၊ သီချင်းနားထောင်ရတာ ဝါသနာပါရင် သီချင်းနားထောင်ပေးပါ၊ သီချင်းအော်ဆိုပစ်လိုက်ပါ. . စိတ်သက်သာရာ ရသွားပါ

လိမ့်မယ်။

ဆေးဖက်ဝင်ရေနွေးကြမ်း သောက်ပါ

ဆေးဖက်ဝင်ရေနွေးကြမ်း(ဥပမာ Chamomile Tea) သောက်တာကြောင့် စိတ်ဖိစီးမှု၊ စိုးရိမ် သောကနဲ့ အိပ်မ ပျော်တာ စတဲ့ခံစားချက်

တွေကို ပြေလျော့သွားစေပါတယ်။ ဒေါသထွက်နေတဲ့အခါ ဒါမှမဟုတ် စိတ်နဲ့ခန္ဓာတည် ငြိမ်အေးချမ်းဖို့လိုတဲ့အခါ ရေနွေးကြမ်းသောက်

လိုက်ပါ။

၊ ဦးမိုး ၊ (Ref; HD)

Most Popular

Healthy Life Ad
To Top