Healthy Life Ad
Health Tips

လေ့လာမှုများက တွေ့ရှိထားသည့် စိတ်ဓာတ်ကျနိုင်ခြေအများဆုံး အလုပ်အကိုင် ၁၀ ခု

———၊ ငွေကြယ်စင်ယံ ၊———

တချို ့အလုပ်တွေဟာ စိတ်ဓာတ်ကျနိုင်ဖို့ အလားအလာများနေပါတယ်။ အချိန်ပြည့် အလုပ်လုပ်ရသူတွေကို တစ်နှစ်တာလေ့လာခဲ့တဲ့ မှတ်တမ်းအရ စိတ်ဓာတ်ကျနိုင်ခြေအများဆုံး အလုပ်အကိုင် ၁၀ခုကို အောက်ပါအတိုင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

alignnone size-medium wp-image-63580
(၁) ဘိုးဘွားရိပ်သာ သို့မဟုတ် ကလေးပြုစုရေးဝန်ထမ်းများ

လူတွေကို ပြုစုစောင့်ရှောက်ရသူတွေရဲ ့ ၁၁ ရာခိုင်နှုန်းနီးပါးဟာ ဒီအလုပ်ကြောင့် အကြီးအကျယ် စိတ်ဓာတ်ကျနေပါတယ်။ သူတို့လုပ်ရတဲ့ အဓိက အလုပ်တွေက ပြုစုစောင့်ရှောက်နေရသူကို အစားအသောက်ကျွေးတာ၊ ရေချိုးပေးရတာနဲ့ ပြုစုပေးမှုကို အသိအမှတ်ပြုနိုင်၊ ကျေးဇူးမတင်နိုင်သူတွေကို စောင့်ရှောက်ရတဲ့အလုပ်ပါ။ အကြောင်းကတော့ သူတို့ပြုစုစောင့်ရှောက်ပေးရသူတွေဟာ အလွန်အမင်း နာမကျန်းဖြစ်နေတာကြောင့်နဲ့ အလွန်ငယ်ရွယ်သေးတာကြောင့်ပဲ ဖြစ်ပါတယ်။ ဖျားနေတဲ့သူတွေနဲ့ မသိနားမလည်သေးတဲ့ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်ရတာဟာ ပြုစုပေးရသူအများစုအတွက် စိတ်ဖိစီးမှုဖြစ်စရာ ကောင်းနေတတ်ပါတယ်။

alignnone size-medium wp-image-63581
(၂) စားသောက်ဆိုင်က ဝန်ထမ်းများ

အဆင့်မြင့်အသက်မွေးဝမ်းကြောင်း အလုပ်မဟုတ်ပေမယ့် စားသုံးသူတွေအတွက် စားသောက်ဖွယ်ရာတွေကို ပြင်ဆင်ပေးနေရသူတွေဟာလည်း စိတ်ဓာတ်ကျနိုင်ခြေမှာ ဒုတိယအဆင့်လိုက်ပါတယ်။ ဒီအလုပ်လုပ်ရသူတွေရဲ ့ ၁၀ ရာခိုင်နှုန်းဟာ စိတ်ဓာတ်ကျဝေဒနာကို အဓိကခံစားရတတ်ပြီး သူတို့ထဲက အများစုဟာ အမျိုးသမီးတွေဖြစ်နေပါတယ်။ အကြောင်းကတော့ သူတို့အပေါ် ဆက်ဆံတဲ့ စားသုံးသူတွေ အများစုက ရိုင်းပျတတ်ကြပြီး တစ်ခါတလေ ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးတောင် ရှိတတ်တဲ့အတွက် အားအင်ကုန်ခမ်းပြီး ပင်ပန်းနေချိန်မှာ အခြေအနေအရပ်ရပ်ကို သည်းခံနိုင်ဖို့ ခက်ခဲတတ်တာကြောင့် ဖြစ်ကြောင်း သူတို့က ဆိုပါတယ်။

alignnone size-medium wp-image-63582
(၃) လူမှုရေးလုပ်ငန်းလုပ်သူများ

ဘာကြောင့်များ လူမှုရေးလုပ်ငန်း လုပ်သူတွေက စိတ်ဓာတ်ကျနိုင်ခြေ အများဆုံးစာရင်းမှာ ထိပ်နားရောက်နေရတာလဲလို့ တွေးကောင်းတွေးချင်စရာပါ။ လူကုန်ကူးခံရတဲ့ ညှင်းပန်းနှိပ်စက်ခံရသူ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ မိသားစုတွေနဲ့ ဆက်စပ်လုပ်ဆောင်နေရတာဟာ စိတ်ဖိစီးမှုများစေပါတယ်။ လူမှုရေးအလုပ်တွေ လုပ်တာက ကောင်းတဲ့အလုပ်လို့ ဆိုနိုင်ပေမယ့် စွန့်လွှတ်နိုင်ပြီး စိန်ခေါ်မှုကို လက်ခံနိုင်မှသာ လုပ်သင့်ကြောင်း လုပ်ကိုင်နေသူတွေက ဆိုပါတယ်။

alignnone size-medium wp-image-63583
(၄) ကျန်းမာရေးဝန်ထမ်းများ

ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ စတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ လူတွေရဲ ့ အသက်ရှင်သန်ရေးအတွက် နေ့ရောညပါ အချိန်နာရီတွေ အများကြီးပေးပြီး လုပ်ကိုင်နေရသူတွေပါ။ သူတို့အနေနဲ့ နေ့တိုင်းနေ့တိုင်း ဖျားနာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းနဲ့ လူနာရှင် မိသားစုဝင်တွေနဲ့ တွေ့ဆုံရခြင်း စတဲ့ အလုပ်တွေအများကြီးကို လုပ်ကိုင်နေရတာကြောင့် စိတ်ဖိစီးမှုများရတဲ့ အလုပ်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

alignnone size-medium wp-image-63584
(၅) ပန်းချီဆရာ၊ ဖျော်ဖြေတင်ဆက်သူနှင့် စာရေးဆရာ

ဒီအလုပ်တွေဟာ ပုံမှန်မဟုတ်တဲ့ဝင်ငွေတွေ၊ မသေချာတဲ့ အချိန် နာရီတွေနဲ့ အထီးကျန်မှုတွေနဲ့ ဆက်စပ်နေတာကြောင့် ဒီလိုဖန်တီးနေရသူတွေရဲ ့ ၉ ရာခိုင်နှုန်းဟာ စိတ်ဓာတ်ကျမှုကို ခံစားနေရကြောင်း လေ့လာမှုအရ သိရပါတယ်။

alignnone size-medium wp-image-63585
(၆) ဆရာ၊ ဆရာမ

ဆရာ၊ ဆရာမတွေခံစားရတဲ့ စိတ်ဖိစီးမှုကလည်း မနည်းလှပါဘူး။ ဆရာ၊ ဆရာမအများစုဟာ ကျောင်းမှာစာသင်ပြီးလည်း အိမ်မှာ အလုပ်လုပ်ကြရပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ သူတို့ရဲ ့မိဘအုပ်ထိန်းသူတွေနဲ့ အဆင့်အတန်းမီအောင် ကြိုးစားနေရတဲ့ ကျောင်း စတဲ့ အကြောင်းပေါင်းစုံကြောင့် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နေရပါတယ်။

alignnone size-medium wp-image-63586
(၇) အုပ်ချုပ်ရေးဆိုင်ရာဝန်ထမ်း

လူများစွာ၊ အလုပ်များစွာကို အုပ်ချုပ်ရတဲ့သူတွေဟာလည်း အလုပ်ရဲ ့တောင်းဆိုချက်နဲ့ ယူရတဲ့တာဝန်တွေက များလွန်းတာကြောင့် စိတ်ဖိစီးမှု ဖြစ်ရတတ်ပါတယ်။

alignnone size-medium wp-image-63587
(၈) အခြေခံကျပန်းအလုပ်သမား

အခြေခံအလုပ်သမားတွေဟာ အချိန်အတိအကျမရှိဘဲ လုပ်ကိုင်ရသလို နေရာမရွေး၊ အလုပ်မရွေး လုပ်ကိုင်ရကာ ပင်ပန်းဆင်းရဲတဲ့ အလုပ်ကြမ်းတွေအတွက် လုပ်ခနည်းနည်းပဲရတတ်ပါတယ်။ အန္တရာယ်ရှိတဲ့ အဆောက်အဦပေါ် တက်ရတာလို၊ ညစ်ပတ်တဲ့ အမှိုက်သရိုက်တွေ ရှင်းရတာလို သူများမလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ရတာကြောင့် စိတ်ဖိစီးမှုဖြစ်ရတာပါ။

alignnone size-medium wp-image-63588
(၉) ဘဏ္ဍာရေးအကြံပေးသူနှင့် စာရင်းကိုင်

ကိုယ့်ဝင်ငွေ၊ ထွက်ငွေစာရင်းကို လုပ်ရင်တောင် လက်ကျန်ငွေနဲ့ မကိုက်ရင် စိတ်ညစ်ရသေးတာ၊ သူများတွေရဲ့ ငွေပေါင်းများစွာကို တွက်ချက်ကိုင်တွယ်ရတာ ဘယ်လောက်အထိ စိတ်ဖိစီးမှုများမယ်ဆိုတာ တွေးမိရုံနဲ့တင် သိသာပါတယ်။

alignnone size-medium wp-image-63589
(၁၀) အရောင်းဝန်ထမ်းများ

အရောင်းဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကျနိုင်ခြေက အလုပ်အကိုင်တွေထဲမှာ နံပါတ် ၁၀ နေရာမှာ ရှိပါတယ်။ ဒီအလုပ်က ဝင်ငွေဘယ်လောက်ရမလဲ၊ ဝယ်သူဘယ်လောက်လာမလဲ. . မသေချာမရေရာဘဲ အရောင်းဆိုင်မှာတင် နာရီပေါင်းများစွာ စောင့်ဆိုင်းနေရတာကြောင့် စိတ်ဖိစီးမှု ဖြစ်စေပါတယ်။ ဝယ်သူတွေက ပစ္စည်းမျိုးစုံပြခိုင်းပြီး မဝယ်တဲ့အခါမှာလည်း စိတ်ဖိစီးရပြန်ပါသတဲ့။

Most Popular

Healthy Life Ad
To Top