Healthy Life Ad
International

တရုတ်နိုင်ငံ၏ အသက်၈၀အရွယ် နာမည်ကျော် မော်ဒယ်ဘိုးဘိုး

၊ မိုးမင်းထွန်း ၊

လွန်ခဲ့တဲ့နှစ်က ဖက်ရှင်ရှိုး တစ်ခုမှာ မော်ဒယ်အဖြစ် ပါဝင်ခဲ့ပြီးကတည်းက အသက်၈၀ အရွယ် အမျိုးသားကို တရုတ်နိုင်ငံရဲ့ ဆွဲဆောင်မှုအရှိဆုံးဘိုးဘိုး အဖြစ်နာမည်ပေးခံရပါတယ်။

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဝမ်ဒီရွှန်းက ဇာတ်ကားအတော်များများမှာလည်းပါဝင်ခဲ့ပြီး ပထမဆုံးအဖြစ် တရုတ်ဖက်ရှင်ရှိုးတစ်ခုမှာ မော်ဒယ်လမ်းလျှောက်ခဲ့ပါတယ်။

ရှည်လျားတဲ့ ဆံပင်ဖြူ၊ တောင့်တင်းတဲ့ ခန္ဓာကိုယ်၊ အင်္ကျီဗလာနဲ့လမ်းလျှောက်ပုံကြောင့် ဖက်ရှင်ရှိုး တစ်ခုလုံးရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့ဝမ်က အသက်ကြီးတာကို ဆင်ခြေပေးနေ ထိုင်တဲ့အစဉ်အလာ တရုတ်လူ့အဖွဲ့အစည်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ လူအတော်များများ ဖက်ရှင်ရှိုး လျှောက်နိုင်တဲ့ သူ့အကြောင်းကိုသာ ပြောနေကြပေမယ့် ဒီလိုနေ့မျိုးရောက်လာဖို့ နှစ် ၆၀ လောက်ရင်းနှီးခဲ့ရ ကြောင်း ဝမ်ကပြောပါတယ်။

တရုတ်အရှေ့မြောက်ပိုင်း ရှန်းယန်မှာမွေးဖွားခဲ့တဲ့ ဝမ်က အသက် ၂၄နှစ်အရွယ် ဇာတ်သဘင်သရုပ် ဆောင်ဖြစ်လာခဲ့ပါတယ်။ အသက် ၄၄နှစ်မှာ အင်္ဂလိပ်ဘာသာစကားသင်ယူခဲ့ပြီး ၄၉နှစ်မှာ ကိုယ်ပိုင်ပြဇာတ် အဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။ အသက်၅၀မှာ ခန္ဓာကိုယ်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေ စတင်လုပ်ဆောင်ခဲ့ပါ တယ်။ ငယ်ရွယ်သူတွေက ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကာ ဘဝကိုတိုးတက်အောင်နေထိုင်သင့်ပြီး လူကြီးတွေ အနေနဲ့လည်း အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ နောက်ကျနေပြီလို့ မတွေးသင့်ကြောင်း ဝမ်က အကြံပေးပါတယ်။

နောက်ကျနေပြီဆိုတဲ့ ဆင်ခြေနဲ့ လက်မလျှော့သင့်ကြောင်းနဲ့ ကိုယ်ကိုယ်တိုင် အားထုတ်နေရင်အောင် မြင်မှုဆိုတာ ရရှိလာမှာဖြစ်ကြောင်း ဝမ်က ပြောကြားပါတယ်။

(Ref;ID)

Most Popular

Healthy Life Ad
To Top