Healthy Life Ad
Life Style

အရပ်ရှည်သယောင် ထင်ရစေမည့် ဖက်ရှင် ခြောက်မျိုး

၊ ငွေစင်ကြယ်ယံ ၊

စတိုင်မကျချင်တဲ့ မိန်းကလေးဆိုတာ ရှားပါလိမ့်မယ်။ မိန်းကလေးတစ် ယောက် စတိုင်ကျကျဝတ်တတ်ဖို့ဆိုတာ ငွေကုန်ကြေးကျ အများကြီးခံဖို့ မလိုပါဘူး။ အမြင်ရှိဖို့ပဲ လိုပါတယ်။


(၁) အစင်းပါသည့် ဝတ်စုံ ဝတ်လျှင် သတိထားပါ

ကန့်လန့်စင်းပါတဲ့ ဝတ်စုံဝတ်ရင် စကပ်က ဒူးလောက်အရှည်ရှိတဲ့အခါ ခန္ဓာကိုယ်ကို ပိုတိုသလို ဖြစ်စေပါတယ်။ ဒါကြောင့် အရောင်ရင့် ပြောင်စကပ် နဲ့တွဲဝတ်တာ ပိုသင့်တော်ပါတယ်။


(၂) ရှပ်ဂါဝန်အရှည်ကို မှန်ကန်စွာ ဝတ်ပါ

ရှပ်ဂါဝန်အရှည်ဝတ်တဲ့အခါ ကိုယ်နေဟန် ပေါ်လွင်စေဖို့နဲ့ အရပ်ရှည် သယောင်ဖြစ်စေဖို့ ခါးပတ်ပတ်ဝတ်ပါ။


(၃) အောက်ရှူးစကပ်ကို ဖုံးအုပ်ပြီး မဝတ်သင့်ပါ

အောက်ရှူးစကပ်ဝတ်ရင် သင့်ကို ပိုပြီး သွယ်လျကာ ရှည်သယောင် ထင်ရစေပါတယ်။ ဒါပေမဲ့ အပေါ်အင်္ကျီခါးတိုနဲ့ တွဲဝတ်ပါ။ ခါးတိုအင်္ကျီမရှိရင် ရှပ်အင်္ကျီအဖြူနဲ့တွဲဝတ်ပါ။ ဒါပေမဲ့ ခါးထဲ အင်္ကျီစထည့်ဝတ်ဖို့မမေ့ပါနဲ့။


(၄) သင့်တော်သည့် ဖိနပ်နှင့် လက်ဝတ်လက်စား ရွေးချယ်ပါ

အရပ်ရှည်တယ်လို့ ထင်ရဖို့ အလွယ်ဆုံးနည်းက ဒေါက်ဖိနပ်အမြင့် စီးဖို့ပဲဖြစ်ပါတယ်။ ဖိနပ်ရဲ့အရောင်က အရေးကြီးပါတယ်။ အနက်ရောင်ဖိနပ်က ခြေထောက်တွေကို ပိုတိုသယောင်ဖြစ်စေပြီး သဘာဝဆန်တဲ့ ဖိနပ်အရောင်ကတော့ ခြေထောက်တွေကို ရှည်သယောင် ဖြစ်စေပါတယ်။ လက်ဝတ်လက်စားအနေနဲ့ ဥပမာပြရရင် လည်ပင်းကို တိုသယောင် ဖြစ်စေပြီး တစ်ကိုယ်လုံးကို တုပ်နှောင်ထားသလို ပုံစံကိုရှောင်သင့်ပါတယ်။


(၅) ဘောင်းဘီပွပွကို မှန်ကန်စွာ တွဲဖက်ဝတ်ဆင်ပါ

အပျော့သားဘောင်းဘီပွပွတွေက ဒေါက်မြင့်ဖိနပ်နဲ့ လိုက်ဖက်တင့်တယ်ပါတယ်။ ဒါမှ ခြေထောက်နဲ့ သင့်ကို ပိုရှည်သယောင်ဖြစ်စေမှာပါ။ ဒါပေမဲ့ အထူးသတိပြုရမှာက ဘောင်းဘီပွပွနဲ့ တွဲဝတ်တဲ့အင်္ကျီပါ။ အင်္ကျီ အရှည်ပွပွဝတ်ရင် ခန္ဓာကိုယ်အောက်ပိုင်းကို တိုသယောင်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆွယ်တာ ဒါမှမဟုတ် ဘလောက်စ်အင်္ကျီဝတ်ရင် ခါးရှည်တဲ့အခါ ခါးပတ်ပါးပါးပတ်ပါ။


(၆) အရပ်နှင့် လိုက်သည့် ဂျင်းဘောင်းဘီနှင့် အိတ်ရွေးချယ်ပါ

အရပ်ပုပြီး ဂျင်းဘောင်းဘီအတိုဝတ်ရင် သင့်ကို ပိုသေးငယ်သယောင် ထင်ရစေပါတယ်။ ထျင်း ဘောင်းဘီအရှည်ကို ဖိနပ်အမြင့်နဲ့ တွဲဖက်ဝတ်ပါ။ ခါးတင် ဂျင်းဘောင်းဘီဝတ်တာက သင့်အရပ်ကို ညှိပေးပြီး သင့်ကို အရပ် ပိုရှည်သယောင် ထင်ရစေပါတယ်။ သင့်အိတ်ရဲ့ အရွယ်အစားကိုလည်း အထူးအလေးထားပါ။ ပိန်သေးတဲ့ အမျိုးသမီးတွေအတွက် အကောင်းဆုံး ရွေးချယ်သင့်တဲ့ အိတ်က ၁၀ လက်မ အကျယ်ထက် မပိုတဲ့ အိတ်သေးတစ်လုံးပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top