Healthy Life Ad
Life Style

အမျိုးသားတို့ အဝတ်အစားဝယ်ရာတွင် သိထားသင့်သည့် အချက်များ

– လရိပ်မေ

ဈေးဝယ်တာက အမျိုးသားအများစုမကျွမ်းကျင်တဲ့ အလုပ်ဖြစ်တာကြောင့် လွယ်ကူမြန်ဆန်ပြီး အမှားအယွင်းမရှိဘဲ အဝတ်အစားတွေကို ဝယ်ဖြစ်စေမယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

– အရင်ဆုံး ရှော့ပင်းမထွက်ခင်မှာ အလွယ်တကူ ဝတ်နိုင်၊ ချွတ်နိုင်တဲ့ အဝတ်အစားမျိုးကိုဝတ်ပါ။ ဒါမှသာ ကိုယ်သဘောကျတဲ့ ဝတ်စုံကို ဝတ်ကြည့်တဲ့အခါ အဆင်ပြေမှာပါ။

– သင်က ကိုယ်ဘာကို ကြိုက်ရမှန်း၊ ရွေးချယ်ရမှန်းမသိတဲ့ ယောကျာ်းမျိုးဖြစ်နေရင် သင့်ကို ဖက်ရှင်နဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးနိုင်တဲ့ သူငယ်ချင်းကိုခေါ်သွားပါ။ သင့်ကို အမှန်အတိုင်းဝေဖန်တတ်တဲ့ သူငယ်ချင်းမျိုးတော့ဖြစ်ဖို့လိုပါတယ်။ သင့်ရဲ့ပုံစံနဲ့ သက်သောင့်သက်သာရှိတတ်တဲ့ အနေအထားကိုမသိတဲ့ သူကိုလုံးဝမခေါ်ပါနဲ့။ အထူးသဖြင့် သင်နဲ့ဖက်ရှင်စိတ်ကူးချင်းမတူတဲ့ သူကိုမခေါ်သင့်ပါဘူး။

– ဈေးဝယ်မသွားခင်မှာ သင်ရဲ့အဝတ်ဗီရိုကို အရင်ရှင်းပြီး သင့်အတွက် လိုအပ်တာတွေကို ရေးမှတ်ထားပေးပါ။ တကယ်လို့ ခရီးတစ်ခုခုထွက်စရာရှိလို့ ဈေးဝယ်မယ်ဆိုရင် လိုအပ်တာကို ပိုပြီးမှတ်ထားဖို့လိုပါတယ်။ ဒါမှ တကယ်လိုအပ်တာကိုပဲ ဝယ်ဖြစ်သွားမှာပါ။

– သင်ရွေးချယ်တဲ့ ဝတ်စုံက ဒီဇိုင်း၊ အဆင်နဲ့ ဈေးနှုန်းကို ဘယ်လောက်ပဲကြိုက်ကြိုက်၊ သင်နဲ့လိုက် ချင်မှလိုက်မှာပါ။ ဒါကြောင့် မဝယ်ခင်မှာ ဝတ်ကြည့်ဖို့မမေ့ပါနဲ့။ သင့်အတွက် သက်သောင့်သက်သာ ရှိ၊ မရှိ သိနိုင်အောင် လက်ကိုမြှောက်ကြည့်တာမျိုး၊ ထိုင်ကြည့်တာမျိုး လုပ်ပေးပါ။

ဒါဆိုရင် အဝတ်အစားဝယ်တဲ့အခါ မလိုအပ်တာတွေမဝယ်မိဘဲ ဝယ်မိသမျှအရာတွေက သင့်အတွက် အဆင်ပြေတာတွေချည်း ဖြစ်နေမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top