Healthy Life Ad
International

၃၅နှစ် အမျိုးသားက ၁၂ နှစ်အရွယ် ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဆေးရုံသို့ ခေါ်လာ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံ၊ ဂျီယန်စုခရိုင်ဆေးရုံတစ်ရုံသို့ အသက် ၃၅ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတို့နဲ့အတူ ကိုယ်ဝန်ဆောင် မိန်းကလေးတစ်ဦးဟာ ဆေးစစ်ဖို့ ရောက်လာခဲ့ပါတယ်။

အမျိုးသားက သူရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်ဟာ အသက်၂၀အရွယ်ရှိပြီလို့ ဆရာဝန်ကိုပြောကြားခဲ့ပါတယ်။ မိန်းကလေးပုံစံဟာ ငယ်ရွယ်လွန်းနေတာကြောင့် ဆရာဝန်ကသံသယရှိပြီး မေးမြန်းခဲ့ပါတယ်။ တရုတ်စကားအနည်းငယ်သာတတ်ပြီး မှတ်ပုံတင်မရှိတာကိုတွေ့ရှိခဲ့ပါတယ်။ အတူလိုက်လာခဲ့သူတွေက အမေးအမြန်းထူတဲ့ ဆရာဝန်ကိုဒေါသထွက်ပြီး ဆူပူကြိမ်းမောင်းခဲ့ကြပါတယ်။

ဆေးရုံကရဲကို အကြောင်းကြားခဲ့ပြီး သူတို့သုံးယောက်ကို ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြပါတယ်။ မေးမြန်းချက်တွေအရ မိန်းကလေးဟာ အရှေ့တောင်အာရှနိုင်ငံတစ်ခုမှဖြစ်ပြီး တရုတ်နိုင်ငံသို့ ဘယ်လိုရောက်ရှိလာတယ်ဆိုတာကို တိတိကျကျမသိရှိရသေးပါဘူး။ ရဲတွေက အသက် ၄၅ နှစ်အရွယ်အမျိုးသမီးကို သွေးဆောင်ဖျားယောင်းမှု၊ ကလေးလူကုန်ကူးမှုတို့နဲ့ စွဲချက်တင်ထားကြောင်းသိရပါတယ်။ အမျိုးသားကိုတော့ ဘယ်လိုစွဲချက်တင်ထားသလဲဆိုတာကိုတော့ မထုတ်ပြန်ထားပါဘူး။

ဆယ်စုနှစ်၃ခုကြာ တစ်အိမ်ထောင်ကလေး တစ်ယောက်မူဝါဒကြောင့် တရုတ်နိုင်ငံမှာ အမျိုးသမီးနဲ့ကလေးလူကုန်ကူးမှုတွေ အဆမတန်များပြားလာခဲ့ပါတယ်။ တရုတ်ကျေးလက်ဒေသတွေမှာ ကလေးယောကျာ်းလေးကိုသာ ပိုမိုရယူလေ့ရှိတာကြောင့် ကျား-မလူဦးရေအချိုး ကွာခြားလာကာ အရွယ်ရောက်တရုတ်အမျိုးသားတွေမှာ လက်ထပ်မယ့် အမျိုးသမီးရှားပါးတာကြောင့် လူကုန်ကူးမှုတွေမြင့် တက်လာရကြောင်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top