Healthy Life Ad
Child

သင့်ကလေးက ဘယ်သန်ဖြစ်နေခဲ့လျှင် . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ညာသန်တွေအတွက်ချည်း သီးသန့် ပြုလုပ်တီထွင်ထားတဲ့ နေ့စဉ်ဘဝမှာ ဘယ်သန်တွေအတွက် အခက်အခဲရှိနိုင်ပါတယ်။ လူဦးရေရဲ့ ၇-၁၀ ရာခိုင်နှုန်းကသာဘယ်သန်တွေဖြစ်ကြပြီး ဘယ်သန်အများစုက အမျိုးသားတွေ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ (ဥပမာ- အင်ဂျလီနာဂျိုလီ) ဘယ်သန်ဖြစ်ရင် ပိုပြီး ထူးခြားတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်ကလေးက ဘယ်သန်ဖြစ်နေခဲ့ရင် မိဘတို့ သိနားလည်ထားသင့်တဲ့ အချက်တွေကို မျှဝေလိုက်ပါတယ်။

ဘယ်သန်တွေက ညာသန်တွေနဲ့စာရင် ရေအောက်မှာ သူတို့မျက်စိကို ပိုပြီး အလွယ်တကူ ညှိယူနိုင်စွမ်း ရှိပါတယ်။ ဘယ်သန်တွေမှာ လွှမ်းမိုးတဲ့ ဦးနှောက်အစိတ်အပိုင်းက ညာသန်တွေနဲ့ မတူတဲ့အတွက် ရေကူးတာနဲ့ ရေငုပ်တာတွေမှာ ပိုပြီးကျွမ်းကျင်တယ် လို့ သိပ္ပံပညာရှင်တွေကယုံကြည်ကြပါတယ်။

ဘယ်သန်တွေက ညာသန်တွေထက် ယာဉ်မောင်းစာမေးပွဲတွေမှာ အောင်မြင်နိုင်ခြေ ပိုများပါတယ်။ ယာဉ်မောင်းသင်တန်းကျောင်းရဲ့ စစ်တမ်းတစ်ခုအရ ဘယ်သန် ၅၇ ရာခိုင်နှုန်းက ပထမဆုံးအကြိမ် ယာဉ် မောင်းစာမေးပွဲအောင်မြင်ပြီး ညာသန်တွေရဲ့ ၄၇ ရာခိုင်နှုန်းကသာ အောင်မြင်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ကားတွေက ညာသန်တွေအတွက် ဒီဇိုင်းထုတ်ထားပေမယ့် ဘယ်သန်တွေမှာ ပိုကောင်း မွန်တဲ့ရလဒ်ရရှိတာ အံ့အားသင့်စရာပါ။

ဘယ်သန်တွေက စာစီစာရိုက်တာ ပိုပြီးမြန်ဆန်ပါတယ်။ ဘယ်သန်တွေက ညာသန်တွေထက် စကား လုံးသုံးထောင် ပိုမြန်ပြီး ရိုက်နိုင်ကြတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ဘာသာစကားထက် တေးဂီတနဲ့ အနုပညာမှာ ပိုအားသန်ပါတယ်။ လေ့လာမှုအရ ဘယ်သန်ကျောင်း သားတွေက ဘာသာစကား အခြေခံဘာသာထက် အမြင်အာရုံအခြေခံ ဘွဲ့ဒီဂရီ ရနိုင်ခြေ ပိုများတယ် လို့ သိရပါတယ်။ ဘယ်သန် အနုပညာရှင်အများကြီးအနက် ပီကာဆို၊ လီယိုနာဒိုတို့လို ပန်းချီဆရာကြီး တွေနဲ့ ပါဘလိုကာဆယ်၊ ဘတ်ချ်တို့လို တေးဂီတ ပညာရှင်တွေဟာ ဘယ်သန်တွေဖြစ်ပါတယ်။

ဘယ်သန်တွေက အလုပ်အစုံ လုပ်နိုင်စွမ်း ရှိပါတယ်။ ဒါက ဦးနှောက်ကို ပိုပြီး မြန်မြန်လှုပ်ရှားမှုဖြစ်စေလို့ သတင်းအချက်အလက်တွေကို မြန်မြန်ဖမ်းဆုပ်နိုင်ပြီး အလုပ်အစုံ လုပ်နိုင်စွမ်းရှိတာဖြစ်ပါတယ်။

ဘယ်သန်တွေက ပါရမီရှင်ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ အကြောင်းကတော့ ဉာဏ်ရည် ပိုမြင့်မားတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ထူးချွန်ထင်ရှားတဲ့ ဘယ်သန်တွေက အိုင်ဆက်နယူတန်၊ ဘင်ဂျမင်ဖရန်ကလင်းနဲ့ အိုင်းစတိုင်းတို့ ဖြစ်ကြပါတယ်။

ဖန်တီးနိုင်စွမ်း
ဘယ်သန်တွေက အနုပညာ၊ တေးဂီတတွေကို ချစ်မြတ်နိုးပြီး တေးသီချင်း ရေးတာနဲ့ ပန်းချီဆွဲတာတွေမှာ ထူးချွန်တတ်ပါတယ်။

ထိုးထွင်းသိမြင်စိတ်
ဘယ်သန်တွေက ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ စိတ်ခံစားမှု၊ အလိုလို ထိုးထွင်းသိမြင်စိတ် စတာတွေကို အခြေခံပြီး စဉ်းစားဆုံးဖြတ်လေ့ရှိပါတယ်။

သင်ယူနိုင်စွမ်း
ဘယ်သန်တွေက အဖွဲ့လိုက် လုပ်ဆောင်ရတဲ့ လေ့လာမှုတွေမှာ ပိုတော်ကြပါတယ်။ ဘယ်သန်တွေ က သင်ခန်းစာတစ်ခုကို နားထောင်ပြီး တစ်ယောက်တည်း တိတ်တဆိတ်အဖြေရှာတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top