Healthy Life Ad
Life Style

သင့်ကိုယ်လုံးနဲ့ လိုက်ဖက်တဲ့ အဝတ်အစား ရွေးဝတ်ရအောင် (၅)

၊ ငွေကြယ်စင်ယံ ၊

သင့်ကိုယ်လုံးနဲ့ လိုက်ဖက်အောင် ဝတ်တတ်ရင် ပိုကြည့်ကောင်းတဲ့ အလှတရားကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ထောင့်မှန်ပုံ ကိုယ်လုံးပိုင်ရှင်တွေအတွက် ဖော်ပြလိုက်ပါတယ်။

ထောင့်မှန်ပုံကိုယ်လုံး
သင့်တင်ပါးနဲ့ ပခုံးတွေက တူညီတဲ့ အကျယ်ရှိတာကို ဆိုလိုပါတယ်။ ခါးနေရာက သိပ်မသိသာဘဲ ရင်အုံသေးငယ်သူပါ။

ထောင့်မှန်ပုံကိုယ်လုံးတွေက ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ဘယ်လိုဝတ်သင့်သလဲ

ရည်ရွယ်ချက်။ ။ ခါးအတိုင်းအတာ သွယ်လျပြီး ရင်သားကြီးတဲ့ ပုံစံရအောင် ဝတ်သင့်ပါတယ်။

အဆင်ကြီးကြီးနဲ့ အရောင်စိုစို အင်္ကျီဝတ်ဆင်ပါ။

– လည်ပင်းပေါက်က “V” ပုံစံဖြစ်သင့်ပြီး တင်ပါးအလယ်လောက်အထိရှည်တဲ့ အင်္ကျီဝတ်ရပါမယ်။

– ရင်ဘတ်နေရာမှာ အိတ်ကပ်၊ အပွင့်ဆင် စတာတွေပါပြီး ကော် လာကြီးကြီးပါတဲ့ အင်္ကျီမျိုး ဝတ်သင့်ပါတယ်။

– အပေါ်ထပ်ကုတ်အင်္ကျီဝတ်တဲ့အခါ ပခုံးနေရာက ဖုဖောင်းမနေသင့်ဘဲ ခပ်ကျပ်ကျပ်ဖြစ်နေသင့်ပါတယ်။ ဒူးအထက်နေရာ လောက်ဖြစ်ရပါမယ်။

– ခါးပတ်ကြီးကြီး ပတ်သင့်ပါတယ်။

– လက်ပြတ်အင်္ကျီ၊ ခါးရှုံ့ဂါဝန်တွေကို ဝတ်သင့်ပါတယ်။

ထောင့်မှန်ပုံကိုယ်လုံးတွေ ဘယ်လို မဝတ်သင့်ဘူးလဲ

– ခါးပတ်သေးသေး မပတ်သင့်ပါဘူး။

– ကျပ်လွန်းတဲ့ အင်္ကျီ၊ တဖြောင့်တည်းအင်္ကျီ မဝတ်ပါနဲ့။

– ကန့်လန့်စင်းအင်္ကျီ မဝတ်ပါနဲ့။

ထောင့်မှန်ပုံကိုယ်လုံးတွေက ခန္ဓာကိုယ်အောက်ပိုင်းအတွက် ဘယ်လို ဝတ်သင့်သလဲ

ရည်ရွယ်ချက်။ ။ တင်ပါးနဲ့ ခြေသလုံးကို အမြင်ရောက်စေပြီး တင်ပါး အနေအထားကြည့်ကောင်းစေတဲ့ ပုံထင်ရအောင် ဝတ်သင့်ပါတယ်။

– ထူထဲတဲ့ ဘောင်းဘီ၊ စကပ်ဝတ်ပါ။

– ဒူးနေရာကနေ ပွသွားတဲ့ ဘောင်းဘီ၊ စကပ်တို့ကို ဝတ်ပါ။

– အိပ်ကပ်ကြီးပါတဲ့ ဘောင်းဘီတို၊ စကပ်တို၊ အပွင့်ကြီး၊ အဆင်ကြီးပါတဲ့ စကပ်တိုကိုဝတ်ပါ။

ဘယ်လို မဝတ်သင့်ဘူးလဲ

– ဘောင်းဘီအပျော့အကျပ်သား မဝတ်ပါနဲ့။

– ခါးပတ်က ခါးနေရာမှာ တင်းကျပ်မနေသင့်ပါဘူး။

ဖိနပ်

ခြေသလုံးသွယ်လျတဲ့ အလှပေါ်လွင်အောင် ဝတ်ရပါမယ်။

ထိပ်ပိတ်ရှူးဖိနပ်၊ ထိပ်ချွန်ဒေါက်မြင့်ဖိနပ်တွေကို စီးပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top