Healthy Life Ad
Health Tips

နေ့စဉ်နေ့တိုင်း စိတ်ခံစားမှု ကောင်းနေစေမည့် နည်း ၇ သွယ်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) မျက်စိမှိတ်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်ပါ။ ဒီနည်းလမ်းကို ထပ်ခါ၊ ထပ်ခါပြုလုပ်တာကြောင့် စိတ်ကြည်လင်ပြီး အတွေးအခေါ်ကောင်းတွေ ထွက်လာစေပါတယ်။

(၂) တရားထိုင်တာ၊ ယောဂကျင့်တာနဲ့ အသက်ပြင်းပြင်း ရှူတာစတဲ့ နည်းလမ်းတွေ လုပ်ဆောင်တာကြောင့် အာရုံကြောတွေကို သက်သာစေပြီး စိတ်အပန်းပြေစေပါတယ်။

(၃) မျှတကောင်းမွန်တဲ့ ဘဝနေထိုင်မှုပုံစံအတိုင်းနေတာကြောင့် ဘဝမှာ အဖြစ်များတဲ့ ပြဿနာအများစုကို ဖြေရှင်းနိုင်စေပါတယ်။

(၄) အရက်၊ ဆေးလိပ်နဲ့အဆင်သင့်အစာတွေကို ရှောင်တာကြောင့် စိတ်ရောခန္ဓာပါ ကျန်းမာလန်းဆန်းနေ စေပါတယ်။

(၅) စိမ်းလန်းတဲ့ ပန်းခြံထဲမှာလမ်းလျှောက်ပြီး လူတွေရဲ့ နိစ္စဓူဝသွားလာလှုပ်ရှားမှုဟန်ပန်တွေကို လိုက်ကြည့် တာကြောင့် စိတ်သစ်လူသစ်ဖြစ်စေပါတယ်။

(၆) အနားယူပြီး ကိုယ့်စိတ်ကိုထိန်းချုပ်နိုင်တဲ့အနေအထား ရောက်အောင် ကြိုးစားလိုက်ပါ။

(၇) ဒေါသထွက်တာ၊ ကြောက်ရွံ့တာ၊ ပူပင်သောကများတာနဲ့ ပူဆွေးတာ စတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာ ရင်နှလုံးခုန်နှုန်းမြန်တာ၊ လက်ဖဝါးတွေ ချွေးစေးပြန်တာ၊ အသက်ရှူမဝတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီ အခါ ကိုယ့်စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ထိန်းချုပ်နိုင်ဖို့ အမြန်ကြိုးစားသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top