Healthy Life Ad
Life Style

သွားတိုက်ဆေး၏ ထင်မှတ်မထားသည့် အသုံးဝင်ပုံများ

၊ ငွေကြယ်စင်ယံ ၊

သွားတိုက်ဆေးက သွားတွေကို ဖြူစင်စေတဲ့ ပစ္စည်းဖြစ်တဲ့အပြင် တခြား အသုံးဝင်မှုတွေ ရှိနေပါတယ်။

(၁) ငွေထည်ပစ္စည်းတွေ အရောင်ဖျော့လာတဲ့အခါ သွားတိုက်ဆေးအနည်းငယ်နဲ့ ပွတ်ပေးလိုက်ရင် ပြန်လည် တောက်ပလာပါလိမ့်မယ်။

(၂) ကားမီးသီးတွေ ကြည်လင်မှုရှိစေဖို့ သွားတိုက်ဆေးနည်းနည်းထည့်ပြီး ပွတ်တိုက်သန့်ရှင်းပေးပါ။

(၃) စန္ဒရားပေါ်က ခလုတ်တွေက လူတွေရဲ့ လက်ချောင်းတွေနဲ့ အဆက်မပြတ် ထိတွေ့တာကြောင့် ညစ်ပတ်တာ မြန်လာပါတယ်။ စိုစွတ်တဲ့ ပိတ်စတစ် စပေါ်မှာသွားတိုက်ဆေးအနည်းငယ်ထည့်ပြီး စန္ဒရား ခလုတ်တွေကို သေချာပွတ်တိုက်သန့်စင်ပေးပါ။ တကယ်ထိရောက်မှုရှိတာကို တွေ့ရပါလိမ့်မယ်။

(၄) ရှူးဖိနပ်တွေကို သွားတိုက်ဆေးနဲ့ အလွယ်တကူ သန့်စင်ပေးလို့ ရပါတယ်။

(၅) သစ်သားမျက်နှာပြင်ပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားချင်ရင် သွားတိုက်ဆေး နည်းနည်းတို့ပြီး သုတ်ပေးလိုက်ပါ။

(၆) သွားတိုက်ဆေးက အဝတ်အစားပေါ်က အစွန်း အထင်းတွေကိုလည်း ကင်းစင်စေပါတယ်။ အဝတ် အစားပေါ်သွားတိုက်ဆေးနည်းနည်းတို့ပြီး ခဏထားပါ။ ပြီးမှ ပုံမှန်အတိုင်း အဝတ်လျှော်ပါ။

(၇) ဘုံပိုင်ခေါင်းတွေကို သွားတိုက်ဆေးနည်းနည်းတို့ပြီး ပွတ်တိုက်ပေးရင် တောက်ပြောင်ကြည်လင် သွားစေပါတယ်။

(၈) မီးပူအောက်ခြေတွေ သန့်စင်ဖို့ သွားတိုက်ဆေး နည်းနည်း သုံးနိုင်ပါတယ်။

(၉) ဖုန်းမျက်နှာပြင်ကို အကာအကွယ်လုပ်မထားရင် ခပ်မြန်မြန်ခြစ်မိနိုင်ပါတယ်။ အဲဒီခြစ်ရာတွေ ကင်းစင်ဖို့ ပိတ်စတစ်စပေါ် သွားတိုက်ဆေးနည်းနည်းထည့်ပြီး ဖုန်းမျက်နှာပြင်ကို သေချာပွတ်တိုက်ပေးပါ။ ပြီးရင် သွားတိုက်ဆေးဖယ်ပြီးမျက်နှာပြင်ကို ခြောက် သွေ့အောင်ထားပါ။

(၁၀) သွားတိုက်ဆေးက သင့်လက်သည်းတွေကို တောင်သန့်စင်ပေးနိုင်ပါတယ်။ နှစ်မိနစ်လောက် လက်သည်းပေါ် လိမ်းကာ ပွတ်တိုက်ဆေးကြောပေးပါ။

(၁၁) ကြက်သွန်ဖြူနံ့၊ ကြက်သွန်နီနံ့နဲ့ ငါးညှီနံ့တွေလို တချို့အနံ့အသက်တွေက လက်မှာစွဲနေရင် ပျောက်ဖို့ ခက်ပါတယ်။ လက်ကို သွားတိုက်ဆေးနည်းနည်း လိမ်းပြီး ဆေးလိုက်ရင် အနံ့အသက်တွေ ချက်ချင်း ပျောက်သွားမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top