Healthy Life Ad
Q & A

သွားကျဉ်သက်သာစေတဲ့ သွားတိုက်ဆေးကို ဘာကြောင့် ကြာကြာမသုံးသင့်တာလဲ။

မေး ။ ကျွန်တော် သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး သွားတွေက မကြာခဏ ကျဉ်တတ်လို့ သွားကျဉ်သက် သာစေတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်ရင်သက်သာလာတာကိုခံစားရမိပါတယ်။ ဒါပေမဲ့ အဲဒီသွားတိုက်ဆေးကို ကြာရှည်မသုံးသင့်ဘူးလို့ သိရပါတယ်။ ဘာကြောင့်ပါလဲ။
ဦးသန့်ဇင်၊ ကျောက်တံတားမြို့နယ်။

ပါမောက္ခဦးကိုကိုမောင်(မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး) မှ ပြန်လည်ဖြေကြားပေးပါသည်။

ဖြေ ။ သွားကျဉ်လို့ဆိုပြီး သွားဆရာဝန်တွေက ညွန်ကြားတဲ့အခါ တိုက်တဲ့သွားတိုက်ဆေးနဲ့ ရေရှည် မတိုက်သင့်ပါဘူး။ သွားတွေကို ထိခိုက်စေနိုင်ပါတယ်။ သွားကျဉ်တာ သက်သာရင် နေ့စဉ်ပုံမှန် သွားသန့်ရှင်းဖို့နဲ့ သွားပိုးစားရောဂါကာကွယ်ဖို့ ရည်ရွယ်ပြီးတိုက်တဲ့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေး ကိုပဲတိုက်သင့်ပါတယ်။ ဖလိုရိုက်ဓာတ်ပါတော့ သွားပိုးစားရောဂါကို ကာကွယ်နိုင်ပါတယ်။ ဖလိုရိုက်ဓာတ် မပါရင်တော့ သွားပိုးစားရောဂါကို ကာကွယ်ရာ မရောက်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top