Healthy Life Ad
Life Style

သင့်ကိုယ်လုံးနဲ့ လိုက်ဖက်တဲ့ အဝတ်အစား ရွေးဝတ်ရအောင် (၄)

၊ ငွေကြယ်စင်ယံ ၊

သင့်ကိုယ်လုံးနဲ့ လိုက်ဖက်အောင်ဝတ်တတ်ရင် ပိုကြည့်ကောင်းတဲ့ အလှတရားကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ သဲနာရီပုံ ကိုယ်လုံးပိုင်ရှင်တွေအတွက် ဖော်ပြလိုက်ပါတယ်။

– သဲနာရီပုံကိုယ်လုံး

သဲနာရီပုံကိုယ်လုံးဆိုတာ ခါးက အချိုးကျကျရှိနေပြီး တင်ပါးနဲ့ရင်သားက တစ်ပြေးညီပြည့်တင်းနေတဲ့ ကိုယ်လုံးပုံစံမျိုးကိုဆိုလိုပါတယ်။

သဲနာရီပုံကိုယ်လုံးတွေက ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ဘယ်လိုဝတ်သင့်သလဲ

ရည်ရွယ်ချက်။ ။ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့အောက်ပိုင်း ဟန်ချက်ညီမျှတဲ့ပုံစံရှိဖို့ လိုပါတယ်။

– မကျပ်လွန်းပေမယ့် ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်မယ့် အင်္ကျီဝတ်ပါ။
– ကုတ်ပုံစံအင်္ကျီဆိုရင် ခါးနေရာ အောက်အထိပဲ ရှည်သင့်ပါတယ်။
– ဘယ်လိုခါးပတ်မျိုးနဲ့မဆို လိုက်ပါတယ်။

ဘယ်လို မဝတ်သင့်ဘူးလဲ

– ထူထဲပွယောင်းတဲ့ အဝတ်အစား မဝတ်သင့်ပါ။
– ပွင့်ရိုက်ဆင်များများပါတဲ့ အင်္ကျီမဝတ်သင့်ပါ။
– အိတ်တွေအများကြီးပါပြီး ခပ်ပွပွအင်္ကျီ မဝတ်သင့်ပါ။

သဲနာရီပုံကိုယ်လုံးတွေက ခန္ဓာကိုယ်အောက်ပိုင်းအတွက် ဘယ်လိုဝတ်သင့်သလဲ

ရည်ရွယ်ချက်။ ။ ခန္ဓာကိုယ်အောက်ပိုင်းကို သွယ်လျတဲ့ဟန်ဖြစ်အောင် ဝတ်သင့်ပါတယ်။

– ဒေါင်လိုက်အစင်းတွေနဲ့ အရောင်ရင့် စကပ်ဝတ်ပါ။
– တဖြောင့်တည်း ဂျင်းဘောင်းဘီဝတ်ပါ။
– စကပ်တို၊ ဒူးအောက်အထိ ရှည်တဲ့ စကပ်ဖားဖားဝတ်ပါ။

ဘယ်လို မဝတ်သင့်ဘူးလဲ

– ကျပ်လွန်းတဲ့ ဘောင်းဘီကိုရှောင်ပါ။
– ချက်အောက်မှာ ထားဝတ်ရတဲ့ ဘောင်းဘီမဝတ်ပါနဲ့။
– အဆင်ကြီးကြီး၊ ဘေးစင်းကြီးကြီး၊ အိပ်ကပ်ကြီးကြီးပါတဲ့ ဘောင်းဘီမဝတ်ပါနဲ့။

ဖိနပ်

ခြေချောင်းထိပ်က လုံးဝိုင်းတဲ့ ထိပ်ပိတ် ဒေါက်မြင့်ဖိနပ် စီးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top