Healthy Life Ad
Life Style

သင့်ကိုယ်လုံးနဲ့ လိုက်ဖက်တဲ့ အဝတ်အစား ရွေးဝတ်ရအောင် (၃)

ငွေကြယ်စင်ယံ

သင့်ကိုယ်လုံးနဲ့ လိုက်ဖက်အောင် ဝတ်တတ်ရင် ပိုကြည့်ကောင်းတဲ့ အလှတရားကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ပန်းသီးပုံကိုယ် လုံးပိုင်ရှင်တွေအတွက် ဖော်ပြလိုက်ပါတယ်။

ပန်းသီးပုံကိုယ်လုံး
ပန်းသီးပုံကိုယ်လုံးဆိုတာ ခြေထောက်သေးသွယ် ရှည်လျားပြီး ရင်ဘတ်ကြီးပြီး ခါးတူတ်သူတွေကို ဆိုလိုပါတယ်။ ခါးအတိုင်းအတာ သတ်မှတ်ချက်မရှိဘဲ ကျောနဲ့ ပခုံးပြင်ကလည်း ကျယ်ပြန့်နေပါတယ်။

ပန်းသီးပုံကိုယ်လုံးတွေက ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ဘယ်လိုဝတ်သင့်သလဲ
ရည်ရွယ်ချက်။ ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို သေးသွယ်ရှည်လျားတဲ့ အသွင်ထင်ရစေဖို့ ဝတ်ရပါမယ်။

ဒေါင်လိုက်အစင်းပါတဲ့ အရောင်ဖျော့အင်္ကျီဝတ်ပါ။

အင်္ဂလိပ်အက္ခရာ “V”ပုံစံကော်လာပါ အင်္ကျီ၊ ရှပ်အင်္ကျီဝတ်ပါ။ ခါးအရှည်က တင်ပါးအောက်အထိ ဖြစ်သင့်ပါတယ်။

ကုတ်အင်္ကျီဝတ်ရင် ခါးနဲ့ပေါင်က တဖြောင့်တည်းရှိပြီး တင်ပါး အလယ်လောက်အထိ ရှည်သင့်ပါတယ်။

ဂါဝန်ဝတ်ရင် အပေါ်ပိုင်းက အရောင်လွင်တဲ့ ပြောင်အင်္ကျီဖြစ်သင့်ပြီး အောက်ပိုင်းက အဆင်တွေနဲ့ ခပ်ကားကား ဂါဝန်ဖြစ်သင့်ပါတယ်။

ပန်းသီးပုံကိုယ်လုံးတွေ ဘယ်လို မဝတ်သင့်ဘူးလဲ

ကျပန်လွန်းတဲ့ အင်္ကျီမဝတ်သင့်ပါဘူး။

ကန့်လန့်စင်းပါတဲ့ အင်္ကျီ၊ တောက်ပတဲ့အဆင်ကြီးပါတဲ့ အင်္ကျီတွေကို မဝတ်သင့်ပါဘူး။

ဆွယ်တာပွပွတွေကို မဝတ်သင့်ပါဘူး။

ကြီးမားလွန်းတဲ့ လက်ဝတ်လက်စားတွေရှောင်ပါ။

ခါးပတ်ပြားကြီးကြီး မပတ်သင့်ပါ။

ပန်းသီးပုံကိုယ်လုံးတွေက ခန္ဓာကိုယ်အောက်ပိုင်းအတွက် ဘယ်လိုဝတ်သင့်သလဲ
ရည်ရွယ်ချက်။ ။ သွယ်လျတဲ့ ခြေသလုံးဆီ အာရုံရောက်အောင် ဝတ်ရပါမယ်။

အရောင်လွင်တဲ့ ဘောင်းဘီ၊စကပ် ဝတ်ပါ။

ချက်ပေါ်ရောက် တဲ့ ဘောင်းဘီ၊ စကပ်ရှည် ဝတ်သင့်ပါတယ်။

တဖြောင့်တည်း စကပ်တို၊ အပွင့် အဆင်ပါတဲ့စကပ် တို၊ ဘောင်းဘီတို ဝတ်ပါ။ စကပ်က ဒူးနေရာအထိပဲ ရှိသင့်ပါတယ်။

ဘယ်လို မဝတ်သင့်ဘူးလဲ
ခါးပွတဲ့ ဘောင်း ဘီပွရှောင်ပါ။

ဖိနပ်
ဒေါက်မြင့်ဖိနပ်နဲ့ ဒေါက်ချွန်ဖိနပ်စီးပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top