Healthy Life Ad
International

ငရုတ်ဆီသောက်ပြသော ဗီဒီယို ရိုက်ကူးပြီးနောက် ဆေးရုံတင်လိုက်ရသည့် တရုတ်ဈေးသည်

၊ မိုးမင်းထွန်း ၊

တရုတ်အနောက်တောင်ပိုင်းမှ လမ်းဘေး ဈေးသည်တစ်ယောက်ဟာ ငရုတ်ဆီသောက်ပြတဲ့ တိုက် ရိုက်ဗီဒီယိုထုတ်လွှင့်ပြီးနောက် ဆေးရုံတင်လိုက်ရပါတယ်။

အသက် ၂၀ အရွယ် ဟွမ်လီယွန်းက စီချွမ်ခရိုင်မှာ ယုန်သားကင်ရောင်းချအသက်မွေးသူတစ်ယောက်ဖြစ်ပြီး ဆိုင်ကိုဖောက်သည်များများလာအောင် အမျိုးမျိုးကြိုးစားလေ့ရှိပါတယ်။ အလွန်စပ်တဲ့ ငရုတ်ဆီ နှစ်ဇွန်းသောက်ပြတဲ့ဗီဒီယိုကို အွန်လိုင်းမှာတိုက်ရိုက်လွှင့်တင်ခဲ့ပါတယ်။ ၁၀မိနစ်အတွင်းမှာ ကြည့်ရှု သူ ၆၀ဝ၀ကျော်ရှိသွားခဲ့ပါတယ်။ နောက်ထပ်တစ်ခါ နှမ်းဆီတစ်ဖန်ခွက်သောက်ပြတဲ့ ဗီဒီယိုကိုလည်း လွှင့်တင်ခဲ့ပါသေးတယ်။ ဒီလို စတန့်ထွင်တဲ့ ဗီဒီယို တွေပြုလုပ်ပြီး ၅ ရက်အကြာမှာ ဟွမ်ဟာ တံတွေးတောင် မမျိုနိုင်တော့ဘဲ ဆေးရုံတက်ခဲ့ရပါတယ်။ လည်ချောင်းထဲမှာ အာသီးရောင်ပြည်တည်နာ ဆိုး ဆိုးရွားရွာဖြစ်ပွားနေတာကိုတွေ့ရှိခဲ့ပါတယ်။ နောက်ထပ်တစ်ရက်လောက်သာ နောက်ကျရင် အသက် ရှူကျပ်ကာ အသက်အန္တရာယ်ရှိနိုင်ကြောင်း ဆရာဝန်တွေကပြောကြားပါတယ်။

ဟွမ်က ယုန်သားကင်ရောင်းချတာနဲ့ ဆက်စပ်တဲ့ ဗီဒီယို ၂၀ဝကျော် အွန်လိုင်းမှာတင်ထားပြီး ဖောက် သည်များများရအောင် ရည်ရွယ်တယ်လို့ဆိုပါတယ်။ သူရဲ့အွန်လိုင်းပရိသတ် ၂၃၀ဝ၀ အနက် ရာဂဏန်း လောက်သာဆိုင်ကို ကိုယ်တိုင်လာရောက်အားပေးကြကြောင်းပြောပြပါတယ်။ တရုတ်နိုင်ငံမှာ အရောင်း မြှင့်တင်ရေးလုပ်ဆောင်ဖို့ တိုက်ရိုက်ဗီဒီယို ရိုက်ကူး လွှင့်တင်တာက အထူးရေပန်းစားနေတယ်လို့ သိရပါတယ်။

(Ref; SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top