၊ လရိပ်မေ ၊
ရွှေအိုရောင် မျက်ဝန်းအလှပိုင်ဆိုင်စေမယ့် မျက်ဝန်းခြယ်သနည်းကို ဖော်ပြလိုက်ပါတယ်။
အဆင့် (၁)
ဖောင်ဒေးရှင်း မိတ်ကပ်လိမ်းပါ။ ပြီးရင် မျက်ဝန်းတစ်ဝိုက်နဲ့ တခြား အပြစ်အနာအဆာရှိတဲ့ အသားအရေနေရာတွေမှာ ကွန်ဆဲလ်လာ လိမ်းပေးပါ။
အဆင့် (၂)
မျက်ခွံကို ရွှေရောင် အပြောင်အလက်ပါတဲ့ အိုင်းရှဲဒိုးလိမ်းပေးပါ။ အစွန်းနေရာတွေကို ညှိပေးပါ။
အဆင့် (၃)
မျက်ခွံအစွန်းဘက် နေရာနဲ့ မျက်တောင်လိုင်း နေရာတွေမှာ အမည်းရောင်ခြယ်ပေးပါ။
အဆင့် (၄)
မက်စ်ကာရာ ဆိုးပါ။ မျက်တောင်လိုင်းတစ်လျှောက် အိုင်းလိုင်နာ ဆိုးပေးပါ။ ပြီးရင် မျက်တောင်တုတပ်ပါ။ မျက်ခုံးကို အမည်းရောင်ဆိုးပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)