Healthy Life Ad
International

အဒေါ်၏ မွေးနေ့လက်ဆောင်ကြောင့် အရောင်များကို ပထမဆုံးအကြိမ်မြင်နိုင်သည့် ကောင်လေး

ZKO

အသက် ၁၀ နှစ်ပြည့် မွေးနေ့မတိုင်ခင်က ဇာဗီယာမက်ကော်ရီဆိုတဲ့ကောင်လေးဟာ အရောင်တွေကို ခွဲခြားမမြင်နိုင်ခဲ့ပါဘူး။ အရောင်ခွဲခြားမမြင်နိုင်တာက အဖြစ်များတဲ့ မျိုးရိုးဗီဇဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပေမယ့် ဇာဗီယာကတော့ အနက်၊ အဖြူနဲ့ အရောင်မှိုင်းတွေကိုပဲ မြင်နိုင်တဲ့ ပိုရှားပါးတဲ့ အရောင်ခွဲခြားမမြင်နိုင်တဲ့ အခြေအနေ ခံစားနေရတာပါ။

အမေရိကန်၊ မြောက်ကာရိုလီးနား၊ ချာလော့တီရှိအိမ်မှာ သူ့မိသားစုနဲ့နေထိုင်တဲ့ ဇာဗီယာလေးဟာ ဘဝမှာ မမေ့နိုင်စေမယ့် မွေးနေ့လက်ဆောင်လေးကို မွေးနေ့မတိုင်ခင် ကြိုတင်ရရှိခဲ့ပါတယ်။ အဲဒီမျက်မှန်လေးကို မျက်နှာမှာတပ်ဆင်ပြီးပြီးချင်း ဇာဗီယာ မျက်ရည်တွေဒလဟော ကျဆင်းလာခဲ့ပါတယ်။

အဒေါ်ဖြစ်သူက ဇာဗီယာအရောင်တွေကို ခွဲခြားမြင်နိုင်ဖို့ အထူးမျက်မှန်ကို လက်ဆောင်အဖြစ် ပို့ပေးလိုက်တာဖြစ်ပြီး လက်ဆောင်ဘူးထဲက မျက်မှန်ကို တပ်ပြီးပြီးချင်းမှာပဲ ဇာဗီယာဟာ အပြာ၊ အစိမ်းနဲ့ အဝါရောင်တွေကို ခွဲခြားမြင်နိုင်သွားကာ အနားမှာရှိတဲ့ မိခင်ဖြစ်သူကို ပွေ့ဖက်ခဲ့ပါတယ်။

“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်” လို့ ငိုရင်း အဆက်မပြတ်ပြောခဲ့တဲ့ ဇာဗီယာက တစ်ကမ္ဘာလုံးကို အရောင်စစ်တွေနဲ့ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top