Healthy Life Ad
International

HIV ကူးစက်ခံရသူက ရောဂါကင်းစင်သည့် သားဦးလေးကို မွေးဖွားနိုင်ခဲ့

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၂၀ အရွယ် ပိုင်ဒါမူတိုပိုက မိခင်မှကလေးကို HIV ကူးစက်မှုမရှိဘဲ သားဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။

သူကိုယ်တိုင်ကတော့ ဇင်ဘာဘွေနိုင်ငံမှ ရွှေ့ပြောင်းအခြေချခဲ့သူ မိခင်ဆီက HIV ကူးစက်ခံခဲ့ရတာပါ။ ကျောင်းမှာ အများရဲ့ရှောင်ကြဉ်ခြင်းခံရပြီး အပယ်ခံတစ်ယောက်အဖြစ် ကြီးပြင်းခဲ့ရတဲ့ ပိုင်ဒါအတွက် အလွန်ကျေနပ်စရာကောင်းခဲ့ပါတယ်။ ကလေးသာ ရောဂါကူးစက်ခံရရင် အသက်ဆက်ရှင်ဖို့တောင် မဖြစ်နိုင်တော့ပါဘူးလို့ ပိုင်ဒါကပြောပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ မိခင်က ကလေးဆီ ရောဂါမကူးစက်အောင် ပုံမှန်ဆေးစစ်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်မှာ ဆင်ခြင်ခြင်း၊ ကလေးမွေးဖွားချိန်မှာ ဂရုစိုက်ခြင်းနဲ့ နို့တိုက်တာရှောင်ကြဉ်ခြင်းတို့ကနေ လုံးဝနီးပါး ကာကွယ်နိုင်နေပြီ ဖြစ်ပါတယ်။ ပိုင်ဒါက အရာရာကို ဂရုစိုက်ခဲ့ပြီး ပုံမှန်ဆေးသောက်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ပိုင်ဒါက HIV ဝေဒနာသည်တွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေအတွက် လူမှုရေးလုပ်ငန်းတွေကိုလည်း တက်တက်ကြွကြွလုပ်ဆောင်နေပါတယ်။ အခုခေတ်မှာတော့ ဝေဒနာရှင်တွေဟာ တခြားလူတွေလို သက်တမ်းစေ့နေနိုင်လာကြပါပြီ။ ၁၉၈၀ ကျော်ကာလတွေလို ရောဂါက ကုရာနတ္ထိဆေးမရှိတဲ့အခြေအနေမျိုး မဟုတ်တော့ပါဘူးလို့ မန်ချက်စတာအထွေထွေဆေးရုံမှ ဒေါက်တာကက်သရင်းအဒူကီဝစ်က ပြောပါတယ်။ ဝေဒနာသည်တွေကို နွေးနွေးထွေးထွေး ဆက်ဆံသင့်ပြီး ပိုင်ဒါလို တက်ကြွလှုပ်ရှားသူတွေကြောင့် ရောဂါအကြောင်း လူတွေပိုမိုနားလည်လာကြပါတယ်လို့ ဒေါက်တာက ရှင်းပြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top