Healthy Life Ad
Q & A

HIV မှာ Not detected ပြရင် . . .

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. HIV မှာ Not detected ပြရင် အကာအကွယ်မဲ့ ယောင်္ကျားမိန်းမ အတူနေရင် HIV Virus မကူးဘူးဆိုတာ ဟုတ်ပါသလားခင်ဗျ။

A. မကူးဘူးဆိုတာထက် ကူးစက်မှုနှုန်း အလွန့်အလွန်လျော့နည်းတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ HIV Positive ဖြစ်တဲ့သူတွေတောင်မှပဲ တစ်ကြိမ်တည်းနဲ့ ကူးတယ်ဆိုပြီး အတိအကျပြောလို့မရတာ ရှိခဲ့ဖူးတယ်။ HIV ပိုးရှိသူတစ်ဦးက လိင်အင်္ဂါကထွက်တဲ့ အရည်တွေက ကူးစက်တယ်ဆိုပေမယ့် အောက်ပါအခြေအနေတွေမှာ ကူးစက်မှုပိုများပါတယ်။ သူများကိုကူးဖို့ဆိုတာ နံပါတ်တစ် သူ့ကိုယ်ထဲမှာ ပိုးတွေရှိနေရမယ်။ နံပါတ်နှစ် သူရဲ ့လိင်အင်္ဂါက သွေးထွက်ရမယ်။ နံပါတ်သုံး ကူးစက်ခံရမယ့်သူမှာလည်း အရေပြားပွန်းပဲ့တဲ့ဒဏ်ရာတွေ ရှိနေရမယ်။ အဲဒီအခါကျမှ ကူးစက်မှုရာခိုင်နှုန်းများတယ်လို့ ပြောနိုင်ပါတယ်။ သွေးကတော့ အဓိကကူးတာပါပဲ။ HIV ရှိလို့ ဆေးသောက်ထားတဲ့ Non-detectable သမားက တစ်ကြိမ်တည်း လိင်ဆက်ဆံရုံနဲ့ ကူးချင်မှကူးနိုင်မယ်။ နောက်တစ်ခုက HIV ပိုးရှိသူတွေမှာ ယောကျာ်းနဲ့မိန်းမ တွက်မယ်ဆိုရင် ယောကျာ်းမှာပိုးရှိပြီး မိန်းမမှာ ပိုးမရှိတာနဲ့ မိန်းမမှာပိုးရှိပြီး ယောကျာ်းမှာပိုးမရှိတာကို ယှဉ်မယ်ဆိုရင် ယောကျာ်းမှာ ပိုးရှိတဲ့သူက မိန်းမဆီကူးဖို့ ရာခိုင်နှုန်းက ပိုနည်းပါတယ်။ အခု Non-detectable သမားဆိုရင် ကူးစက်မှုနှုန်း အလွန့်အလွန်နည်းတယ်လို့ပဲ ပြောလို့ရပါတယ်။ ဒါပေမဲ့ အိမ်ထောင်ပြုမယ်ဆိုရင် တစ်ကြိမ်တည်း ဆက်ဆံမှာမဟုတ်တော့ တစ်ဖက်က ဆေးသောက်နေတယ်၊ တစ်ဖက်က ပုံမှန် Follow-up ပြနေတယ်ဆိုရင်တော့ ကူးဖို့အလွန်နည်းတယ်၊ ဒါပေမဲ့ ကိုယ်ပြနေတဲ့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အကာအကွယ်နဲ့ အတူနေတာကတော့ ပိုသင့်တော်တယ်လို့ပဲ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top