Healthy Life Ad
Health Tips

HIV ပိုးရှိသူတို့အတွက် ရိုးစင်းသော စားသောက်နည်းများ

———၊ ငွေကြယ်စင်ယံ ၊———

သင့်မှာ HIV ပိုးရှိရင် ကိုယ်ခံစွမ်းအားစနစ် သန်စွမ်းကျန်းမာစေဖို့အတွက် စားသောက်နေတဲ့ အစားအသောက်တွေကို အထူးအလေးထားသင့်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းနေရင် ရောဂါပိုးတွေကို ကောင်းကောင်းထိန်းချုပ်နိုင်သလို HIV ဖြစ်စဉ် မတိုးလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ HIV ရှိသူတွေအတွက် အထူးအစားအသောက်ဆိုပြီး သီးသန့်မရှိပေမယ့် အာဟာရကောင်းကောင်း ရရှိတာက ကျန်းမာရေးကောင်းကျိုးအများစုကို ရရှိစေပါတယ်။

သင်နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံစာတို့ ပါဝင်မှုများဖို့ လိုပါတယ်။

အဆီနည်းပရိုတင်းတွေဖြစ်တဲ့ ကြက်သား၊ ငါး၊ ပဲသီး၊ ပဲအမျိုးမျိုးနဲ့ အဆီနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားပါ။ ပရိုတင်းဓာတ် အပိုရရှိစေဖို့ ပေါင်မုန့်ကို မြေပဲထောပတ်ယိုသုတ်ပြီး စားပါ။

ထရန့်စ်ဖက်စ်တွေကိုရှောင်ပြီး သံလွင်ဆီ၊ အခွံမာသီး စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို ရွေးချယ်ပါ။

အရက်နဲ့ မူးယစ်ဆေးဝါးတွေက HIV ရှိသူတွေအတွက် ကိုယ်ခံအားစနစ် အားနည်းစေပြီး အလွန်အန္တရာယ် များစေတာကြောင့် ရှောင်သင့်ပါတယ်။

သကြား၊ မုန့်အချိုတွေနဲ့ ပြည့်ဝဆီတွေ မှီဝဲတာကို ထိန်းချုပ်ပါ။

ခါတိုင်းထက် ရေကိုပိုသောက်ပါ။ သင့်ခန္ဓာကိုယ်အနှံ့ အာဟာရဓာတ်ရောက်ရှိစေဖို့ အရည်ဓာတ်အလုံအလောက် လိုအပ်ပါတယ်။ ရေများများသောက်တဲ့အတွက် ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင် ရှောင်လွှဲနိုင်ရုံသာမက ဆေးကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း လျော့ကျစေပါတယ်။

(Ref;zeenews)

Most Popular

Healthy Life Ad
To Top