Healthy Life Ad
International

တပည့်၄၀ဝကျော်က အိမ်ရှေ့မှာ အားပေးသီချင်းလာဆိုခြင်းကြောင့် နာမည်ကြီးခဲ့သည့် ကင်ဆာဝေဒနာရှင်ဆရာ ကွယ်လွန်

မိုးမင်းထွန်း
အမေရိကန်ပြည်ထောင်စုမှ တပည့်တွေ ချစ်မြတ်နိုးတဲ့ ကင်ဆာဝေဒနာရှင် အထက်တန်းကျောင်းဆရာ ဘင်အဲလိစ်ကွယ် လွန်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ ဒီဇင်ဘာ လက အစာရေမျိုပြွန်ကင်ဆာရောဂါ ခံစားခဲ့ရပြီး ဆေးကုသခံယူနေခဲ့ပါတယ်။ ရောဂါကြောင့် ကျောင်းတက်လိုက်၊ ပျက်လိုက်ဖြစ်နေရာကနေ ဝေဒနာပိုဆိုးလာတာကြောင့် ဆေးကုသမှုရပ်လိုက်ရပါတယ်။

ဒီလအစောပိုင်းက တပည့် ၄၀ဝကျော်အပါအဝင် ကျောင်းဝန်ထမ်းတွေ၊ ကျောင်းသား မိဘတွေက သူ့အိမ်ရှေ့လာရောက်ကာ အားပေး သီချင်းတွေ သီဆိုခဲ့ကြပါတယ်။ လာရောက်သူတွေကို ဘင်က သူတိုရဲ့ ချစ်ခင်မြတ်နိုးမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသေးတယ်။ ဒီအကြောင်းကို ဗီဒီယိုရိုက်ကူးထားခဲ့ပြီး အမေရိကန်ကျေးလက်အဆိုကျော် တင်မ်မက်ခရောက ဖေ့စ်ဘွတ်ခ်မှာ ရှဲလ်ခဲ့တာကြောင့် ကြည့်ရှုသူ ၂၉ သန်းကျော်ရှိပြီး ကမ္ဘာအနှံ့နာမည်ကြီးသွားခဲ့ပါတယ်။

ဘင်က သူ့ကလေးတွေရဲ့ အထက်တန်း လက်တင်ဘာသာ ဆရာဖြစ်ပြီး ကလေးတွေသာမက သူတို့ကလည်း လေးစားချစ်ခင်ကြောင်း မိဘတစ်ယောက်က ပြောပါတယ်။ ကျောင်းအုပ်ဆရာ မော်ရိုးက ဘင်ဟာ ကင်ဆာဝေဒနာကို တည်တည်ငြိမ်ငြိ မ်ရင်ဆိုင်သွားခဲ့ပြီး အိမ်ရှေ့ သီချင်းသွားဆိုခဲ့တာက တပည့်တွေသာမက ကျောင်းကလည်း သူ့ကို တန်ဖိုးထားချစ်ခင်တယ်ဆိုတာ ပြသခဲ့တာဖြစ်ကြောင်း အမှတ်တရ စကားပြောကြားခဲ့ပါတယ်။
Ref; TS

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top