Healthy Life Ad
International

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း သင်ယူခဲ့သည့်ကျောင်းက ကျောင်းသင်ခန်းစာတွင် ညစ်ညမ်းစာပေ၊ ဗီဒီယိုပညာပေး ဘာသာရပ်ကို ထည့်သွင်း

၊ မိုးမင်းထွန်း ၊

ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲ တက်ရောက်ခဲ့တဲ့ ကျောင်းက ညစ်ညမ်းစာပေ၊ ဗီဒီယိုပညာပေးဘာသာရပ်တွေကို သင်ကြားပေးတော့မှာဖြစ်ပါတယ်။ ကျောင်းသား တွေကြားမှာ ညစ်ညမ်းစာပေ၊ ဗီဒီယိုစွဲလမ်းရာက ဆိုးကျိုးတွေရှိလာတာကြောင့် လို့သိရပါတယ်။

စကော့တလန်၊ အီဒင်ဘာရာမှ ဖက်တီစ်ကောလိပ်က ကျောင်းသားတွေကိုပညာပေးဖို့ အင်တာနက်ညစ်ညမ်းစာပေ၊ ဗီဒီယိုရေးရာကျွမ်းကျင်သူ မေရီရှပ်ကိုဖိတ်ခေါ်ခဲ့ပါတယ်။ ရှပ်က ရှေ့နေတစ်ယောက်ဖြစ်သလို ညစ်ညမ်းစာပေ၊ ဗီဒီယိုစွဲလန်းမှုရဲ့ဆိုးကျိုးတွေကို ပညာပေးနေတဲ့ ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူကတခြားကျောင်းတွေမှာ လည်း ဒီဘာသာရပ်နဲ့ပတ်သက်ပြီး သင်ခန်းစာတွေ ပို့ချပေးလျက်ရှိပါတယ်။

ညစ်ညမ်းစာပေဗီဒီယိုတွေ စွဲလန်းတာကြောင့် ကျောင်းသားတွေမှာ စိတ်ကျန်းမာရေးထိခိုက်စေသလို ပညာရေးမှာလည်းထိခိုက်လာတာကို ကျောင်းအများစုက နားလည်လာကြပါတယ်လို့ ရှပ်ကပြောပြပါတယ်။ ညစ်ညမ်းစာပေ၊ ဗီဒီယိုစွဲလန်းမှုက အရက်၊ မူးယစ်စိတ်ကြွဆေးဝါးစွဲသလို ဦးနှောက်မှာတူညီတဲ့ အကျိုးသက်ရောက်မှုတွေဖြစ်စေတယ်လို့ လေ့ လာမှုတွေက တွေ့ရှိထားပါတယ်။

ဗြိတိန်အစိုးရကလည်း ၂၀၁၇ခုနှစ်မှာအတည်ဖြစ်မယ့် အပြာဝက်ဘ်ဆိုဒ် ကြည့်ရှုသူတွေရဲ့အသက်ကန့်သတ်ဥပဒေကိုထုတ်ပြန်ထားပါတယ်။ ဥပဒေအရ ကြည့်ရှုသူတွေရဲ့အသက်အရွယ် ကန့်သတ်မထားတဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်ပိုင်ရှင်တွေဟာ စတာလင်ပေါင် ၂၅၀,ဝ၀ဝအထိ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။

(Ref;ID)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top