Healthy Life Ad
International

လူဝကြီးနှင့် တစ်ခုံတည်းထိုင်ရသဖြင့် အီမရိတ်စ်လေကြောင်းလိုင်းကို ရှေ့နေ တရားစွဲ

မိုးမင်းထွန်း
ရှေ့နေတစ်ယောက်က လေယာဉ်ရိုးရိုးတန်းမှာ လူဝကြီးတစ်ယောက်နဲ့ကပ်လျက် ထိုင်ရတာကြောင့် အီမရိတ်စ်လေကြောင်းလိုင်းကို တရားစွဲဆိုလိုက်ပါတယ်။ အီတလီနိုင်ငံမှ ဂျော်ဂျီယိုဒက်စ်ထရိုဟာ ကိပ်တောင်းကနေ ဒူဘိုင်းသို့ သွားတဲ့ခရီးစဉ်အတွင်း ခရီးသွားဖော်ကြောင့် သက်သောင့်သက်သာမရှိဘဲ စိတ်ပင်ပန်းရကြောင်း ပြောပါတယ်။ ပုံမှန်စီးနေကျ ဖြစ်တာကြောင့် အထူးဖောက်သည်အဖြစ် သတ်မှတ်ခံရပေမယ့် ထိုင်ခုံပြောင်းထိုင်ဖို့ ခွင့်မပြုခဲ့ပါဘူး။ လေကြောင်းလိုင်းက အလုပ်ရှုပ်တာကို အကြောင်းပြခဲ့ပြီး တောင်းပန်ခြင်းမရှိသလို လျော်ကြေးပေးမယ်လို့ ကမ်းလှမ်းခြင်းလည်းမရှိခဲ့ပါဘူး။

လူဝကြီးရဲ့ ခန္ဓာကိုယ်က သူထိုင်တဲ့အခြမ်းထိ ရောက်နေတာကြောင့် ထိခိုက်ကြေးအဖြစ် စတာလင် ပေါင် ၂၃၇၅ ရလိုကြောင်း ဆိုပါတယ်။ ကိုးနာရီကြာ ခရီးစဉ်အတွင်း လေယာဉ်ခုံအလယ်တန်းမှာ မတ်တတ်ရပ်လိုက်၊ ခရီးသည်ပြုစုစောင့်ရှောက်ရေးအခန်းလွတ်တဲ့ အချိန်မှာ သွားထိုင်လိုက်နဲ့ မတတ်သာတော့တဲ့အဆုံးမှာ သူရဲ့ခုံမှာ ကြပ်ကြပ်တည်းတည်း ထိုင်ရင်း လေယာဉ်စီးခဲ့ရတယ်လို့ ဂျော်ဂျီယိုက ပြောပါတယ်။

သူဖြစ်ပျက်နေရတဲ့ပုံကို အထောက်အထားအဖြစ် ဆဲလ်ဖီရိုက်ထားပါတယ်။ စုစုပေါင်းလျော်ကြေးအဖြစ် စတာလင်ပေါင် ၂၃၇၅ ဒသမ ၂၃ အလိုရှိတယ်လို့သိရပြီး ဒီအထဲမှာ လေယာဉ်စရိတ်စတာ လင်ပေါင် ၆၅၃ ဒသမ ၈၇ နဲ့ နစ်နာကြေး စတာလင်ပေါင် ၁၇၂၁ ဒသမ ၈၁တို့ ပါဝင်ပါတယ်။ တရားရုံးစစ်ဆေးမှုကို အောက်တိုဘာ ၂၀ ရက်နေ့မှာ ပြုလုပ်မယ် လို့သိရပါတယ်။
Ref; MTO

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top