Healthy Life Ad
Life Style

အမျိုးသားတို့ခံတွင်းကင်ဆာဘေးကင်းဝေးစေဖို့ . .

၊ ကိုထက် ၊

ခံတွင်းကင်ဆာဟာ အဖြစ်များလာသလို နေ့စဉ် ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် ဖြစ်နှုန်းပိုများစေတဲ့အတွက် ခံတွင်းကင်ဆာကို ကာကွယ်နိုင်ဖို့ အောက်ပါ နည်းလမ်းတွေကိုလိုက်နာသင့်ပါတယ်။

– ဆေးရွက်ကြီးဝါးစားတာကိုရှောင်ပါ။

– ဆေးလိပ်မသောက်ပါနဲ့။ စီးကရက်၊ ဆေးပေါ လိပ်အစရှိတဲ့ ဆေးလိပ်တွေကို သောက်တာဟာ ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့အချက်တွေပါ။

– ကွမ်းမစားပါနဲ့။ ကွမ်းစားတာကလည်း ခံတွင်းကင်ဆာဖြစ်အောင် လှုံ့ဆော်နေပါတယ်။

– အရက်ရှောင်ပါ။ အရက်ကိုဆေးလိပ်နဲ့တွဲ သောက်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေကပိုများသွားပါတယ်။

– နေ့စဉ်သွားမှန်မှန်တိုက်ပြီး သွားကြားထိုးကြိုးသုံးကာ သန့်စင်တာကြောင့် ခံတွင်းသန့်ရှင်းစေပြီး ခံတွင်းကင်ဆာအန္တရာယ်ကို လျော့ကျစေပါတယ်။

– ခံတွင်းကိုပုံမှန်စစ်ဆေးပါ။ ခံတွင်းထဲမှာမကျက် တဲ့အနာရှိသလား၊ သွေးထွက်နေသလား၊ ပုံမှန်မဟုတ်တဲ့ အကွက်တွေ၊ ရောင်ရမ်းမှုတွေ ရှိနေသလားဆိုတာ စစ်ဆေးပါ။ ဒီလက္ခဏာတွေတွေ့ရင် အချိန်မဆိုင်းဘဲ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

– သွားနဲ့ခံတွင်းကို ပုံမှန်စစ်ဆေးမှုခံယူပါ။ သွားတွေက ချွန်ထွက်နေတာ၊ လျှာကိုရှနေတာတွေ ရှိရင်သွားဆရာဝန်က ပြုပြင်ပေးမှာဖြစ်ပါ တယ်။

– နေပြင်းပြင်းပူတာကြောင့် အောက်နှုတ်ခမ်းမှာ ကင်ဆာဖြစ်နိုင်ခြေများတတ်ပါတယ်။ ဒါကြောင့် နေပူထဲမဖြစ်မနေသွားရရင် နေကာနိုင်တဲ့နှုတ်ခမ်းဆိုး ဆီလိမ်းသွားပါ။

– ခံတွင်းထဲမှာအနာ၊ သွေးထွက်တာနဲ့ နာကျင်မှု တို့ဖြစ်ပေါ်လာရင် လျစ်လျူရှုမထားပါနဲ့။

– သင့်တော်တဲ့အစားအသောက်ကို စားပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့အခွံမာတဲ့အစေ့ အဆန်တွေပါတဲ့ အစာကိုစားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်တာကြောင့် ခံတွင်းကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top