Healthy Life Ad
Health Tips

ခံတွင်း-ပါးစပ်မှာ ဖြစ်တတ်တဲ့ ရောဂါတွေ (Common Oral Mucosal Lesions)

———၊ ဒေါက်တာတင့်ဆွေ ၊———

ကျွန်မအမျိုးသားက အသက် ၃၃ နှစ်ရှိပါပြီ။ သူရဲ ့အောက်နှုတ်ခမ်းအတွင်းဖက်မှာ အဖုလေးတဖုပေါက်လာတာ ၂ လ လောက်ရှိပါပြီ။ အဲဒီအဖုက အအေးသောက်ရင် မသိသာပေမယ့် အပူနဲ့ထိမိရင် စတော်ပဲစေ့လောက်ကြီးလာပါတယ်။ အရည်အိတ်လိုပုံစံမျိုးပါပဲ။ တခါလည်း အရည်ပေါက်ထွက်ပါတယ်။ ပြီးတော့ အကျိတ်ပြန်ဖြစ်ပါတယ်။ ဆေးခန်းတော့ မပြဖြစ်သေးပါဘူးဆရာ။ အသိဆရာဝန်တယောက်ကို မေးကြည့်တော့ ကင်ဆာလက္ခဏာနဲ့ တူတယ်ဆိုလို့ ကျွန်မတိ်ု့နှစ်ယောက်လုံး စိုးရိမ်မိပါတယ်ဆရာ။ နာတာကျင်တာတော့ မရှိဘူးလို့ပြောပါတယ်။ ဆေးစစ်ဖို့က နောက်လလောက်မှ လုပ်ဖြစ်မှာမို့ လောလောဆယ် ဆရာ့ဆီကို စာရေးအကူအညီတောင်းရတာပါ။ ဘာရောဂါဖြစ်နိုင်လဲ သိချင်ပါတယ်ရှင်။

ပါးစပ်-ခံတွင်းထဲမှာ အများဆုံးဖြစ်တတ်တဲ့ ရောဂါအခြေအနေ (၁၂) ခုကို ရွေးရေးပါမယ်။ တခြားဟာတွေလည်း ရှိသေးတယ်။

1. Leukoplakiaအဖြူကွက်

2. Palatal or Mandibular Torus အရိုးဘုများ

3. Inflammation or irritation ရောင်ရမ်းဖြစ်စဉ်နဲ့ မသင့်တာနဲ့ ထိတွေ့ခြင်း

4. Irritation fibroma ခဏခဏထိမိရာကနေ အတွင်းထဲမှာ အသားမာလိုဖြစ်ခြင်း

5. Fordyce’s granules ချွေးထွက်(ဂလင်း)တွေက ပါးစပ်ထဲရောက်နေခြင်း

6. Hemangioma သွေးကြောအပိုပွားခြင်း

7. Inflammatory ulcer ရောင်ရမ်းအနာများ

8. Papillomas (ပက်ပလိုမား) အသားပို

9. Epulis fissurata (အိပြူလစ်)

10. Varicosities သွေးပြန်ကြော ဖောင်းနေခြင်း

11. Thrush မှက္ခရုနာ

12. Angular stomatitis ကျီးကန်းပါးစပ်နာ

1. Leukoplakia အဖြူကွက်

ဖြူနေတဲ့အကွက်ကို ပိတ်ကျဲစနဲ့ပွတ်ပေးလည်း ပျောက်မသွားဘူး။ ကင်ဆာနဲ့ ကင်ဆာမဟုတ်တဲ့ အနာမျိုးနဲ့လည်း မဆိုင်ဘူး။ ဆေးလိပ်သောက်သူ၊ အရက်သောက်သူ၊ ခံတွင်းပိုးဝင်ခံရသူ၊ နေရာတခုမှာကွက်ပြီး ကိုယ်နဲ့မသင့်တာနဲ့ တွေ့ထားသူ၊ (ဆစ်ဖလစ်)၊ ဗီတာမင်(အေ)နည်းခြင်း၊ ဟော်မုန်းအပြောင်းအလဲ၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ လျှပ်စစ်စီးကြောင်းတွေကနေ ဖြစ်စေတယ်။ အသက်ကြီးသူတွေမှာ (၄၀ ကျော်) အဖြစ်များတယ်။ ယောကျာ်းတွေက မိန်းမတွေထက် ပိုဖြစ်တယ်။ လျှာ၊ ပါးစောင်၊ အထက်-အောက် ပါးစောင်အချိုင့်နေရာတွေမှာ လူတဝက်လောက်ဖြစ်တယ်။ ကျန်တဲ့နေရာတွေက အာခေါင်၊ အောက်နုပ်ခမ်း၊ လျှာအောက်နေရာတွေမှာဖြစ်တယ်။ ဖြူပြီး နည်းနည်းကြည်နေမယ်၊ ထူမယ်၊ စဉ်းကြောင်းတွေရှိနိုင်တယ်၊ အသီးလိုလည်း ဖြစ်နိုင်တယ်၊ မာတင်းနေတာလည်း ဖြစ်နိုင်တယ်။ မျက်နှာပြင် ချောတာ၊ ကြမ်းတာဖြစ်နိုင်တယ်။ အဖြူ၊ ဝါစိမ်းစိမ်း၊ ဆေးလိပ်သောက်သူဆိုရင် ညိုတိုတိုဖြစ်နိုင်တယ်။ မှိုကြောင့်ဖြစ်တာ၊ (အက်စ်ပရင်) သောက်လို့ဖြစ်တာတွေက အဲလိုလုပ်ပေးရင် ရှင်းသွားနိုင်တယ်။ မသေချာရင် အသားစဖြတ်ယူစစ်ဆေးရမယ်။ ၄- ၆% မှာ ကင်ဆာဖြစ်တယ်။ Erythroplakia နီနေတာမျိုးက ဆိုးတယ်။ ကိုက်မိ-ထိခိုက်မိတာ၊ သွားအတွက် အပိုပစ္စည်းထည့်တာက အဆင်မပြေတာ၊ သွားအဆင်မပြေ ပေါက်နေတာတွေကို စစ်ရ-ပြင်ရမယ်။

2. Palatal or Mandibular Torus အရိုးဘုများ

ကင်ဆာမဟုတ်တဲ့ အရိုးကနေဖြစ်တဲ့ မာနေတဲ့ ဘုတွေကိုခေါ်တယ်။ ဖြေးဖြေးကြီးလာမယ်။ အနေရလည်း မခက်လှပါ။ အပေါ်ယံအဖုံးလွှာ အနာဖြစ်တတ်တယ်။ Palatal torus အာခေါင်ကဖြစ်တာဆိုရင် အမာပိုင်းအလယ်မျဉ်းမှာ ဖြစ်တတ်တယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ Mandibular torus မေးရိုးကနေဖြစ်တာဆိုရင် ရှေ ့ပိုင်းအံသွားဘေးမှာ အဖြစ်များတယ်။ ၈၀% ဘယ်-ညာဖြစ်တာများတယ်။ အသက်၃၀ အောက်များတယ်။ ကုသစရာမလိုပါ။ ခွဲလိုက်ရင်လဲရတယ်။

“ရောင်ရမ်းဖြစ်စဉ်နဲ့ မသင့်တာနဲ့ ထိတွေ့တာမျိုးတွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့သဘောကနေ ဖြစ်လာတယ်။ ပါးစောင်မှာ အထက်သွားတန်းနဲ့ အောက်သွားတန်းကြား မျဉ်းကြောင်းအဖြူရောင်လိုလည်း ဖြစ်တတ်တယ်။ လိုအပ်ရင် ခွဲစိတ်ထုတ်ပစ်နိုင်တယ်။ မသေချာရင် အသားစဖြတ်ယူစစ်ဆေးရမယ်။ ဖြစ်စေတဲ့အကြောင်းရင်းကို ဖယ်ရှား-ကုသလိုက်ရင် အလိုလိုပျောက်မယ်။”

3. Inflammation or irritation ရောင်ရမ်းဖြစ်စဉ်နဲ့ မသင့်တာနဲ့ ထိတွေ့ခြင်း

ရောင်ရမ်းဖြစ်စဉ်နဲ့ မသင့်တာနဲ့ ထိတွေ့တာမျိုးတွေက ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ သဘောကနေ ဖြစ်လာတယ်။ ပါးစောင်မှာ အထက်သွားတန်းနဲ့ အောက်သွားတန်းကြား မျဉ်းကြောင်းအဖြူရောင်လိုလည်း ဖြစ်တတ်တယ်။ လိုအပ်ရင် ခွဲစိတ်ထုတ်ပစ်နိုင်တယ်။ မသေချာရင် အသားစဖြတ်ယူ စစ်ဆေးရမယ်။ ဖြစ်စေတဲ့အကြောင်းရင်းကို ဖယ်ရှား-ကုသလိုက်ရင် အလိုလိုပျောက်မယ်။ Denture stomatitis သွားအတုက အဆင်မပြေလို့ဖြစ်တယ်။ အသက်ကြီးပြီး Complete maxillary dentures သွားအတုတပ်ထားသူတွေထဲက ၆၅% ဖြစ်တယ်။ Nystatin suspension or cream ဆေးလိမ်းပေးနိုင်တယ်။

4. Irritation fibroma ခဏခဏ ထိမိရာကနေ အတွင်းထဲမှာ အသားမာလိုဖြစ်ခြင်း

မေးတဲ့သူမှာဖြစ်တာ ဒါဖြစ်နိုင်တယ်။ ခဏခဏထိမိရာကနေ အတွင်းထဲမှာ အသားမာလိုဖြစ်တာ။ ပါးစောင်၊ လျှာဘေးအနား၊ အောက်နှုတ်ခမ်းတွေမှာ အဖြစ်များတယ်။ မနာဘူး။ ခပ်တင်းတင်းရော ပွစိစိပါ ဖြစ်နိုင်တယ်။ ဖြစ်တဲ့အဖုက ဘေးနေရာထက် အရောင်ပျော့တယ်။ ကြာရင်အနာဖြစ်လာနိုင်သေးတယ်။ ၁ စင်တီမီတာထက် မကြီးဘူး။ အသက်အရွယ်မရွေးဖြစ်တယ်။ သူ့အလိုလိုမပျောက်ရင် ခွဲထုတ်ရမယ်။ ပြန်ဖြစ်တာလဲရှိမယ်။ လျှာပေါ်မှာဖြစ်တာဆိုရင်တော့ Neurofibroma, Neurilemmoma or Granular cell tumor တွေမဟုတ်တာ သေချာအောင် လုပ်ရမယ်။ ပါးစပ်၊ အောက်နှုတ်ခမ်းနဲ့ ပါးစောင်မှာဆိုရင် Lipoma, Mucocele or Salivary gland tumor တွေမဟုတ်တာ သေချာစေရမယ်။ ရှားပါးတဲ့ Benign neoplasms of Mesenchymal origin ကိုလည်း ဖယ်ထုတ်ရမယ်။ ခွဲထုတ်ပြီး စစ်ဆေးဖို့လိုတာတွေဖြစ်တယ်။

5. Fordyce’s granules ချွေးထွက်(ဂလင်း)တွေက ပါးစပ်ထဲရောက်နေခြင်း

ချွေးထွက် (ဂလင်း) တွေက ပါးစပ်ထဲ နေရာလွဲရောက်နေတာဖြစ်တယ်။ အစုလိုက်များတယ်။ တစ်ခုနဲ့တစ်ခု ရောထွေးနေတာလည်းဖြစ်တယ်။ အံဆုံးတွေဘေးမှာဖြစ်တယ်။ ဘယ်-ညာဖြစ်နိုင်တယ်။ အောက်နှုတ်ခမ်း၊ လျှာ၊ သွားဖုံး၊ အာခေါင်တွေမှာလဲ ဖြစ်နိုင်တယ်။ အသက် ၂၀-၃၀ မှာ အဖြစ်များတယ်။ Candida albicans မှိုကြောင့်ဖြစ်တာက ဂွမ်းစနဲ့ ရှင်းပေးတာပျောက်မယ်။ ဒါတွေကတော့ မပျောက်ဘူး။ ဆေးကုသဖို့လည်း မလိုပါ။

6. Hemangioma သွေးကြောအပိုပွားခြင်း

သွေးကြောတွေ အပိုပွားခြင်းက မွေးရာပါဖြစ်တယ်။ ပြားချပ်ချပ်နေတယ်၊ မဟုတ်ရင် နည်းနည်းဖောင်းနေမယ်။ အနီရောင် ဒါမှမဟုတ် နီပြာပြာဖြစ်တယ်။ အနားသတ်မတိကျဘူး။ နှုပ်ခမ်း၊ လျှာ၊ ပါးစောင်၊ အာခေါင်တွေမှာဖြစ်တယ်။ သူ့ကိုခိုက်မိတတ်တယ်။ အနာဖြစ်လာနိုင်တယ်။ ပိုးဝင်လာနိုင်တယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ သူ့အလိုလို ပျောက်တာများတယ်။ Surgery, Sclerosing agents, Cryotherapy နည်းတွေနဲ့ ကုနိုင်တယ်။ ကင်ဆာမဟုတ်ပါ။ ကုသလိုက်ရင် ပြန်မပေါ်ပါ။

7. Inflammatory ulcer ရောင်ရမ်းအနာများ

(က) Aphthous (အက်ဖ်သပ်စ်-အာလ်ဆာ)

အတော်နာတယ်။ ပြန်ပြန်ဖြစ်တယ်။ တခုမကလဲဖြစ်နိုင်တယ်။ ၂၀-၆၀% သောလူတွေမှာ ဖြစ်ကြတယ်။ ဘာလို့ဖြစ်တယ်ဆိုတာ အတိအကျမသိရဘူး။ Immunologic, Microbiologic and Nutritional factors တွေကို စဉ်းစားကြတယ်။ (၃) မျိုးခွဲနိုင်တယ်။

(၁) သာမန်အနာ = ခံတွင်းမှာနေရာတကာဖြစ်တယ်။ ၁၀ ရက်အတွင်းပျောက်သွားမယ်။ ပြန်ဖြစ်နိုင်တယ်။

(၂) Major aphthous ulcers က ပိုကြီးတယ်။ ၂ စင်တီမီတာလောက်အထိ ရှိမယ်။ ပျောက်အောင် အချိန် ၆ ပတ်ယူတယ်။

(၃) Herpetiform ulcers အမျိုးအစားကတော့ ၁-၂ ပတ်ကြာရင် ပျောက်တယ်။ အရည်ကြည်အဖုလေးကနေ စဖြစ်ပြီးမှ အနာဖြစ်လာတယ်။ Crohn’s disease, Neutropenia and Sprue ရောဂါတွေကိုလည်း စစ်ဆေးသင့်တယ်။

ပျောက်ဆေးဆိုတာမရှိပါ။ ဒါပေမဲ့ သက်သာအောင် Topical steroids (0.5% Hydrocor­tisone) (စတီးရွိုက်)ဆေးလိမ်းပေးနိုင်တယ်။ သိပ်ဆိုးသူတွေကို(စတီးရွိုက်)ဆေး ပါးစပ်ကနေ သောက်ခိုင်းတယ်။ Tetracycline mouth wash (Achr­omycin V Oral Suspension) ဆေးနဲ့ ပါးစပ်ကိုဆေးတာလဲ အကျိုးရှိတယ်။ Chlorhexidine gluconate oral rinse (Peridex) ဆေးသုံးတာလည်း သက်သာတယ်။

ဒီအနာကို မြန်မာလူမျိုး အတော်များများမှာ တွေ့ဖူးတယ်။ ရေသောက်တာတောင် နာတယ်။ အားနည်းနေချိန်၊ စိတ်ဖိစီးမှုများနေချိန်၊ ခရီးထွက်ရလို့ အစား၊ ဝမ်းသွားမမှန်သူတွေ၊ ဝမ်းချုပ်သူတွေမှာ ဖြစ်တယ်လို့ ယူဆတယ်။ ထုံဆေး လိမ်းဆေးလေးလိမ်းရင် ခဏနဲ့ထုံသွားပြီး စားလို့ရတယ်။ တနပ်တခါ ထပ်လိမ်းရတယ်။

(ခ) Traumatic ulcers ထိခိုက်ရာက အနာဖြစ်ခြင်း

ကိုက်မိတာ၊ သွားအတုအဆင်မပြေတာ၊ သွားတိုက်တံနဲ့ခိုက်မိတာ၊ သွားအချွန်နဲ့ထိခိုက်မိတာ၊ မသင့်တာကို စားမိ-သောက်မိတာတွေက နေဖြစ်စေတယ်။ သူ့အလိုလိုပျောက်တယ်။ မြန်တယ်။ မပျောက်နိုင်ရင် ကင်ဆာကိုစစ်ဆေးပါ။

၈. Papillomas (ပက်ပလိုမား) အသားပို

တချို ့ခံတွင်းအသားပိုက ကြွက်နို့ဖြစ်စေတဲ့ Papillomavirus (ဗိုင်းရပ်စ်)မျိုးကွဲကနေ ဖြစ်စေတယ်။ ဖြစ်နေပေမယ့် ဘာမှမခံစားရဘူး။ ၁ စင်တီမီတာလောက်သာကြီးတယ်။ တခုတည်းဖြစ်တာများတယ်။ ပါးစပ်ထဲ ဘယ်နေရာမှာဖြစ်ဖြစ် ဖြစ်နိုင်ပေမယ့် အာခေါင်အပျော့နေရာမှာ အဖြစ်များတယ်။

9. Epulis fissurata (အိပြူလစ်)

သွားအတုကနေ ဖြစ်စေတယ်။ (ဖိုက်ဘရပ် -တစ်ရှူး)တွေ အပိုဖြစ်တာ။ သွားအတုအသစ်လဲဖို့လိုမယ်။ ခွဲစိတ်တာလည်း လိုနိုင်တယ်။

10. Varicosities သွေးပြန်ကြော ဖောင်းနေခြင်း

သွေးပြန်ကြောတွေဖောင်းနေတာ။ လျှာအောက်မှာ ဖြစ်တာများတယ်။ ပါးစောင်နဲ့ ပါးစပ်နှုတ်ခမ်းမှာလည်း ဖြစ်နိုင်တယ်။ ပြာနေတယ်။ ဖိလိုက်ရင် သွေးစီးလျှောက်တာမြင်ရမယ်။ ဆေးကုစရာမလိုပါ။

11. မှက္ခရုနာ Thrush(Oral candidiasis)

Moniliasis လို့လည်းခေါ်တယ်။ ရေးခဲ့တဲ့ (၁၀) မျိုးက လူကြီးတွေမှာဖြစ်ပြီး မှက္ခရုနာက ကလေးမှာသာဖြစ်တယ်။ ကလေးမှာတောင် နို့တိုက်အရွယ် ကလေးငယ်တွေ။ လျှာ၊ အာခေါင်၊ ပါးစောင်တွေမယ် အဖြူဖတ်တွေဖြစ်ပြီး၊ ဘေးကနီနေတယ်။ နာတယ်၊ နို့စို့ရ၊ အစာစားရခက်တယ်။ ကလေးရဲ ့လျှာကို အဝတ်သန့်သန့်လေးကို လက်ညှိုးမှာပတ်ပြီး အဖြူဖတ်တွေ ရှင်းပေးပါ။ မိခင်နို့ကို အမြဲသန့်နေပါစေ။ လိုအပ်ရင် Nystatin Oral Suspension 4-6 mL တစ်နေ့ ၄ ကြိမ်တိုက်ပါ။

12. Angular stomatitis ကျီးကန်းပါးစပ်နာ

ကျီးကန်းပါးစပ်နာကို Angular stoma­titis (Cheilosis or Angular cheilitis) လို့ခေါ်တယ်။ ပါးစပ်-ဒေါင့်စွန်း နှစ်ဖက်လုံးမှာ ဖြစ်တာများတယ်။ ကွဲကြောင်းလေးတွေ ဖျာထွက်လာမယ်။ သွေးထွက်တတ်တယ်။ အနာအထိ ဖြစ်နိုင်တယ်။ အနာကနေ မှိုပိုးဝင်လာရင် Can­dida albicans (Thrush) ဖြစ်မယ်။ ဗက်တီးရီးယားလည်း ဝင်နိုင်တယ်။

• Vitamin B 2, Gßiboflavin ဗီတာမင် ဘီ (၂)၊ ဆေးသောက်ပါ။ ကြွယ်ဝစာစားပါ။ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ်။ Vitamin C ရအောင် စိမ်းတဲ့အသီးအရွက်-အသီးအနှံတွေလည်း စားပါ။

• မှိုကြောင့်ဖြစ်ရင် Antifungal creams မှိုအတွက်လိမ်းဆေး Nystatin, Imidazoles, Bifonazole, Clotrimazole, Econazole, Ketoconazole, Nizoral®, Miconazole, Tioconazole တခုခုသုံးနိုင်တယ်။ Antifungal drug မှိုအတွက်စားဆေး Imidazoles, Allylamines

• Clotrimazole and Betamethasone, Nystatin and Triamcinolone Acetonide စတီးရွိုက်နဲ့ ရောထားတဲ့ ဆေးသုံးနိုင်တယ်။ ၁% Hydrocortisone လည်းလိမ်းနိုင်တယ်။ ရေယုံဆိုရင် မသုံးပါနဲ့။

Most Popular

Healthy Life Ad
To Top