Healthy Life Ad
Q & A

ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာ . . .

ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားပေးပါသည်။

မေး ။ ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဆီးလမ်းကြောင်းမှာ ပိုးတွေ့လို့ ပိုးသတ်ဆေးသောက်နေရတယ်လို့ပြောပါတယ်။ ဆီးလမ်းကြောင်းပိုးတွေ့တာဟာ ဘာကြောင့်ဖြစ်ရတာပါလဲ။ မဖြစ်အောင်ဘယ်လို ထိမ်းသိမ်းနေထိုင်ရပါ့မလဲ။
ဟန်မင်းမောင် (FB)

ဖြေ ။ ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ အမျိုးသမီးတိုင်းဘဝမှာ တစ်ခါမဟုတ် တစ်ခါ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေထက် ဆီးလမ်းကြောင်းပိုတိုတဲ့အတွက် ပိုးဝင်နိုင်ခြေပိုများပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာကိုကာကွယ်ဖို့ ရေများများသောက်ပါ။ ဆီးသွားရင် ဆီးအိမ်ထဲက ဆီးကုန်အောင်သွားပါ။

အမျိုးသားနဲ့အတူမနေခင်သန့်ရှင်းပေးပါ။ အတူနေပြီးတာနဲ့ ဆီးသွားပါ။ အိမ်သာတက်တဲ့အခါ၊ သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့ဘက်ကနေအနောက်ဘက်ကို သန့်ရှင်းရေးလုပ်ပါ။ အတွင်းထိအောင်ဆေး ကြောတာတွေ၊ ချောဆီအပါအဝင် သုက်ပိုးသေဆေး စတဲ့နည်းတွေကို ရှောင်ကြဉ်ပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top