Healthy Life Ad
Health Tips

ဖုန်းသုံးတဲ့အခါ ကိုယ်နေဟန်ထိခိုက်မှုမရှိအောင်

၊ ကိုထက် ၊

မကောင်းတဲ့ကိုယ်နေဟန်ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ လူတစ်ယောက်က ရှေ့ကိုအမြဲကုန်းပြီး ဖုန်းသုံးနေရင် ကျောရိုးမကြီးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါတယ်။ လက်ကိုင်ဖုန်းကို အဆက်မပြတ်သုံးတာကြောင့် ပုံစံမကျတဲ့ ကိုယ်နေဟန်ဖြစ်ပေါ်ကာ ထိခိုက်တတ်ပါတယ်။

လူတစ်ယောက်ရဲ့ကိုယ်နေဟန်က သူ့စိတ်ခံစားမှုအပေါ် လွှမ်းမိုးမှုရှိနိုင်တယ်လို့ လေ့လာမှုအရသိရပါတယ်။ စိတ်ကျရောဂါခံစားရသူတွေက ကိုယ်နေဟန်လျှောကျနေတတ်သလို ခါးနာတဲ့ဝေဒနာကိုလည်း ခံစားရတတ်ပါတယ်။

လည်ပင်းကိုမကွေးညွတ်ဘဲ မျက်စိကိုအနည်းငယ်နှိမ့်ပြီး ဖုန်းကြည့်သင့်ပါတယ်။ ဖုန်းစကရင်ကို အနည်းငယ်မြှင့်ပေးပါ။ ဒီလိုမှန်ကန်တဲ့အနေအထားနဲ့ ကြည့်တာကြောင့် အလုပ်မှာအလုပ်တွင်စေပြီး စိတ်ဖိစီးမှုကို ခံနိုင်ရည်ပိုရှိပါတယ်။

ဒီအနေအထားနှစ်ခုစလုံးဟာ ကျောရိုးမကြီးကိုသိသာတဲ့ ဝန်ပိမှုဖြစ်စေပြီး အဆုတ်နဲ့ တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။

ခါးနာဝေဒနာသက်သာစေမည့် နည်းငါးသွယ်

(၁) ဦးခေါင်းကို ဘေးဘက်ကို ဖြည်းဖြည်းချင်းလှုပ်ရှားပေးရင် ကြွက်သားတွေကို ဆွဲဆန့်လေ့ကျင့်ခန်းလုပ်သလို သက်သာစေပါတယ်။

(၂) ပခုံး၊ လည်ပင်းဘေးဘက်ကြွက်သားနဲ့ ပခုံးနှစ်ဖက်ကြားနေရာတွေကို နှိပ်နယ်ပေးပါ။

(၃) မတ်တပ်ရပ်ပြီး လက်တွေကိုဆွဲဆန့်ကာ လည်ပင်းကိုဆန့်ထုတ်ပါ။ ဒီနည်းက အချိန်ကြာကြာ အနေအထားတစ်မျိုးတည်းနေလို့ တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေပါတယ်။

(၄) ၁၀ မိနစ်ကျော်ကြာ ဖုန်းသုံးရင် လည်ပင်းဆီသို့ မေးစေ့ကိုငုံ့ပေးပါ။ ပခုံးသားတွေကို နှိပ်ပေးပါ။

(၅) ဖုန်းသုံးတဲ့အချိန်တိုင်း မှန်ကန်တဲ့ကိုယ်နေဟန်နဲ့ နေထိုင်တာက နောင်ကာလမှာ ကျန်းမာရေးပြဿနာတွေမဖြစ်အောင် ရှောင်လွှဲရာရောက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top