Healthy Life Ad
News

COVID-19 ရောဂါအကြောင်း သိလိုသူများ 2019 သို့ Free Call ဖြင့် ခေါ်ဆိုမေးမြန်းနိုင်ပြီ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Covid 19 Call center ကို ၉-၄-၂၀၂၀ ရက်နေ့ နံနက် ၈ နာရီမှစပြီး ခေါ်ဆိုမေးမြန်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

• 2019 ကို နှိပ်လိုက်ပါက “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန Covid 19 Call center မှ ကြိုဆိုပါတယ်။

• ရောဂါလက္ခဏာများအကြောင်း သိရှိလိုပါက နံပါတ် ၁ ကို နှိပ်ပါ၊

• ကူးစက်နိုင်သော နည်းလမ်းများအကြောင်း သိရှိလိုပါက နံပါတ် ၂ ကို နှိပ်ပါ၊

• ကာကွယ်နိုင်သော နည်းလမ်းများအကြောင်း သိရှိလိုပါက နံပါတ် ၃ ကို နှိပ်ပါ၊

• အသွားအလာကန့်သတ်ခြင်းနှင့် မလိုက်နာပါက အရေးယူနိုင်သည့် ဥပဒေပုဒ်မများ၊ ပြစ်ဒဏ်များအကြောင်း သိရှိလိုပါက နံပါတ် ၄ကို နှိပ်ပါ၊

• နေက်ဆုံးရ Covid 19 ပိုးတွေ့အရေအတွက်ကို သိရှိလိုပါက နံပါတ် ၅ ကို နှိပ်ပါ၊

• ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးလိုပါက ဝ ကို နှိပ်ပါ” ဆိုသော အသံဖြင့် ကြိုဆိုမည်ဖြစ်သည်။

စုံစမ်းမေးမြန်းသူ များပြားသည့်အတွက် တစ်ဦးလျှင် အများဆုံး ၆ မိနစ်ခန့်သာ မေးမြန်းပေးရန် မေတ္တာရပ်ခံထားပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုရရှိရန်အတွက် ခေါ်ဆိုမေးမြန်းမှုများကို အသံသွင်းယူထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မည်သည့်ဂဏန်းကို နှိပ်ရမည်ကို သေချာမသိပါက ပြန်လည်နားထောင်ရန် * ကို နှိပ်ရမည်ဖြစ်ကြောင်းနှင့် မနက် ၈ နာရီမှစပြီး ည ၈ နာရီအထိ အခမဲ့ ခေါ်ဆိုမေးမြန်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top