Healthy Life Ad
Health Tips

အုတ်ဂျုံကွေကာ၏ အံ့ဖွယ်အစွမ်း

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အုတ်ဂျုံကွေကာဆိုတာ CityMart တွေမှာ ဝယ်လို့ရတဲ့ နံနက်စာကွေကာတစ်မျိုးပါ။ နံနက်စာအဖြစ် ပြင်ဆင်ရလွယ်ကူပြီး ကျန်းမာရေးအာနိသင် အပြည့်အဝရရှိစေပါတယ်။

– အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်ပါဝင်မှုမြင့်မားခြင်း
ကျွန်မတို့ခန္ဓာကိုယ်မှာ အမျှင်ဓာတ်နဲ့ပရိုတင်းဓာတ်အလုံအလောက်ရရှိဖို့ အရေးကြီးပါတယ်။ အမျှင်ဓာတ်က အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်၊ ပရိုတင်းဓာတ်က ကြွက်သားကြီးထွားစေပြီး ကြွက်သားယိုယွင်းပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်စားသင့်တဲ့ အစာလည်း ဖြစ်ပါတယ်။

– ကယ်လိုရီပါဝင်မှုနည်းပြီး အဆီမပါခြင်း
အုတ်ဂျုံကွေကာစားရင် အချိန်ကြာကြာ ဗိုက်ပြည့်စေပြီး ဆာလောင်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အုတ်ဂျုံကွေကာ တစ်ခွက်မှာ ၁၃၀ ကယ်လိုရီပဲပါပြီး အဆီပါဝင်မှုမရှိပါဘူး။

– သွေးတွင်း သကြားဓာတ်ကို ထိန်းနိုင်ခြင်း
အမျှင်ဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ဂလူးကို့စ် စုပ်ယူနှုန်း နှေးသွားပါတယ်။ အဲဒီအပြင် သွေးတွင်းသကြားဓာတ်မြင့် တက်မှုမရှိအောင်ကာကွယ်ပေးနိုင်ပါတယ်။ အုတ်ဂျုံကွေကာမှာ ပါတဲ့ မဂ္ဂနီဆီယမ်ဓာတ်က အင်ဆူလင်နဲ့ ဂလူးကို့စ် အဆင့်ကို ထိန်းညှိပေးပါတယ်။

– ဂလူတင်ပါဝင်မှုမရှိခြင်း
ဂလူတင်ဓာတ်ကို ခံနိုင်ရည်မရှိသူ တွေအတွက် အုတ်ဂျုံကွေကာက သင့်တော်ပါတယ်။

– သွေးတွင်း မကောင်းသော ကိုလက်စထရော အဆင့် လျော့နည်းခြင်း
အုတ်ဂျုံကွေကာမှာပါတဲ့ ဘီတာဂလူတင်အမျှင်ဓာတ်ဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။ သွေးတိုးနေသူနဲ့ နှလုံးရောဂါရှိသူတွေမှာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောလျော့ကျဖို့ အရေးကြီးပါတယ်။

– နှလုံး ကျန်းမာရေး ကောင်းမွန်ခြင်း
အုတ်ဂျုံကွေကာမှာပါတဲ့ လီဂနင်ဓာတ်က ခန္ဓာကိုယ်ကို နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်နဲ့ ကိုလက်စထရော ပါဝင်တဲ့အတွက် နှလုံးရဲ့ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး လေဖြတ်ခြင်း၊ နှလုံးရောဂါထခြင်း (Heart Attack)နဲ့ နှလုံးရောဂါဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။

– ကင်ဆာကို ကာကွယ်နိုင်ခြင်း
အုတ်ဂျုံကွေကာမှာပါဝင်တဲ့ လီဂနင်ဓာတ်က ခန္ဓာကိုယ်ကို နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်တွင်းရှိ ကင်ဆာဆဲလ်တွေကို လျော့နည်းစေပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top