Healthy Life Ad
International

အရက်မူးပြီး ကားမောင်းသူကြောင့် ခင်ပွန်းနှင့် သန္ဓေသား ဆုံးရှုံးလိုက်ရသည့် အမျိုးသမီး

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုမှ ကရစ်စ်ရှန်ဂွာရား ရိုးအတွက် အရာရာတိုင်းဟာ အဆင်ပြေနေခဲ့ပါတယ်။ အချစ်ရဆုံးအမျိုးသားနဲ့ အိမ်ထောင်ပြုခဲ့ပြီး ကိုယ်ဝန်တောင်လွယ်ထားရပြီဖြစ်ကာ လာမယ့် ဒီဇင်ဘာမှာ မွေးဖွားနိုင်မယ်လို့မျှော်လင့်ထားတာပါ။

လွန်ခဲ့တဲ့ သြဂုတ်လ ၂ရက်နေ့မှာ ကားမောင်း နေစဉ်အတွင်း သူတို့စုံတွဲရဲ့ကားကို အရက်မူးပြီး ကားမောင်းလာသူတစ်ယောက်ရဲ့ကားက ဝင်တိုက်ခဲ့ပါတယ်။ အရှိန်ပြင်းထန်တာကြောင့် သူရဲ့ခင်ပွန်း ဖြစ်သူ ဖေဘီယန်ဟာ အခင်းဖြစ်ပွားရာနေရာမှာပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

နှစ်ရက်အကြာမှာ အရေးပေါ် ကလေးမွေးဖွားခဲ့ ရပြီး ဂွာရာရိုးက မွေးကင်းစကလေးအသေလေးကို သာ မွေးဖွားနိုင်ခဲ့ပါတယ်။ “အရက်မူးပြီး ကားမောင်း တာကြောင့် နာကျင်ကြေကွဲစရာတွေ၊ ပျက်စီးရတာ တွေကို လူတွေသိစေချင်ပါတယ်။ ကျွန်မဟာ အိပ် မက်ဆိုးထဲမှာ အသက်ရှင်နေရသလိုပါပဲ”လို့ သူက ပြောပါတယ်။ မူးနေတဲ့ လူတစ်ယောက် ကားမောင်းမှာကို တားမြစ်ဖို့နဲ့ အရက်သောက်ပြီး ကားမမောင်းကြဖို့ လူတွေကို တိုက်တွန်းချင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဂွာရာရိုးဟာ မကြာသေးခင်က ဆေးရုံကုတင်မှာ လဲလျောင်းနေတဲ့ပုံရယ်၊ သူတို့ရဲ့ဆိုးဆိုးရွားရွား ပျက် စီးသွားတဲ့ ကားဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်မှာတင်ခဲ့ပါသေးတယ်။ ကားဝင်တိုက်ခဲ့သူက အသက် ၂၁နှစ် အရွယ်တက္ကသိုလ် ကျောင်းသူတစ်ယောက်ဖြစ်ပြီး ကားမမောင်းခင်မှာ အရက်သေစာ သောက်သုံးခဲ့တယ်လို့ ရဲတွေကိုဝန်ခံခဲ့ပါတယ်။ လောလောဆယ်မှာ ထောင်ထဲမှာနေနေရပြီး အမှုနှစ်ခုနဲ့ စွဲချက်တင်ခံ ထားရတယ်လို့ သိရပါတယ်။

(Ref; NS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top