Healthy Life Ad
Life Style

ချစ်စဖွယ် မိန်းကလေးပုံစံ ဆံပင်ဖန်တီးကြည့်ရအောင်

၊ လရိပ်မေ ၊

ဆံပင်ကို ကျောပြင်မှာချထားမယ့်အစား သေသပ်လှပတဲ့ တစ်ဝက်စည်း ဆံပင်ပုံစံရရှိစေဖို့ ထုံးဖွဲ့နည်းအဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။

အဆင့်(၁)ဘယ်ဘက်က ဆံပင်ကိုကျစ်ဆံမြီးကျစ်ပါ

ဘယ်ဘက်က ဆံပင်အနည်းငယ်ကိုယူပြီး နားရွက်အထက်ကစတင်ကျစ်ဆံမြီးကျစ်ပါ။

အဆင့် (၂) ညာဘက်ကဆံပင်ကို ကျစ်ဆံမြီးကျစ်ပါ

ဘယ်ဘက်မှာကျစ်သလိုမျိုး ညာဘက်က ဆံပင်အနည်းငယ်ကိုယူပြီး နားရွက်အထက်က စတင်ကျစ် ဆံမြီးကျစ်ပါ။

အဆင့် (၃) နှစ်ဖက်စလုံးကိုအောက် အဖျားအထိကျစ်ပါ

ကျစ်ဆံမြီးကျစ်တဲ့အခါအောက် ဖျားအထိကျစ်ပေးပါ။

အဆင့် (၄) ဘယ်ဘက်က ကျစ်ဆံမြီးကိုဆွဲယူပြီး ကလစ်ညှပ်ပေးပါ

အရင်ဆုံး ဘယ်ဘက်က ကျစ်ထားတဲ့ ကျစ်ဆံမြီးကိုခွေယူကာ မြဲမြံအောင် ကလစ်ညှပ်ပေးပါ။

အဆင့် (၅) ညာဘက်က ကျစ်ဆံမြီးကိုယူပြီး ခွေကာ ကလစ်ညှပ်ပေးပါ

ညာဘက်က ကျစ်ဆံမြီးကိုလည်းခွေယူပြီး နှစ်ထပ်ဖြစ်ချိန်မှာ ကလစ်ညှပ်ပေးပါ။

သတိပြုရန်

ကျစ်ဆံမြီးမကျစ်ခင်မှာ ဆံပင်ကို ခေါင်းဘီးနဲ့ဖြီးပြီးရှေ့မှာချထားမယ့် ဆံပင်တွေကိုဖယ်ထားပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top