Healthy Life Ad
Health Tips

ဘဝတွင် ယခုထက် ပိုမိုသန်စွမ်းပျော်ရွှင်ပြီး အားပြည့်လန်းဆန်းစေမည့် ဦးနှောက်ဂိမ်း ၆ မျိုး

ကိုမိုး
တစ်ခါတစ်ရံမှာ အလုပ်တွေကို စိတ်ရှိလက်ရှိ လုပ်ပစ်ချင်ပေမယ့် တကယ်တမ်းမှာ ထိထိရောက်ရောက် မလုပ်နိုင်တာ၊ အားအင်လျော့နည်းပြီး ပင်ပန်းနေတာတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီအခြေအနေမှာ ပိုမိုသန်စွမ်းပျော်ရွှင်ပြီး အားပြည့်လန်းဆန်းလာစေဖို့ အောက်ပါ ဂိမ်းတွေကို ကစားသင့်ပါတယ်။

(၁) စိတ်ပေါ့ပါးစေဖို့ လက်ဖဝါးဖြန့်ပါ
ဘယ်လို လုပ်ရမလဲ – လက်ဖဝါးနှစ်ဖက်ကိုဖြန့်ပြီး မျက်နှာကျက်ဆီကို မြှောက်လိုက်ပါ။ တစ်ကနေ ၁၅ အထိရေပြီးမှ လက်တွေကို ပြန်ချလိုက်ပါ။ စိတ်ပေါ့ပါးသွားပါလိမ့်မယ်။

ဘယ်လို ထိရောက်သလဲ – ကိုယ်ခန္ဓာ အမူအရာတွေက စိတ်နဲ့ ဆက်နွှယ်မှု ရှိနေတဲ့အတွက် စိတ်ထဲမှာ တင်းကျပ်နေတဲ့ ခံစားချက်တွေကို မျိုသိပ်မထားဘဲ ဖွင့်လိုက်တဲ့ ပုံစံလုပ်ပေးတာက စိတ်ကို ပေါ့ပါးသွားစေပါတယ်။

(၂) စိတ်စွမ်းအားပိုရှိစေဖို့ ကြွက်သားတွေကို ကစားပါ
ဘယ်လို လုပ်ရမလဲ – သင့်ခန္ဓာကိုယ်က ကြွက်သားတစ်ခု ဒါမှမဟုတ် ကြွက်သားတွေကို ကျုံ့ပေးပါ။ ငါးစက္ကန့်လောက် လုပ်ပေးပါ။ သင့်လက်မောင်း၊ ဝမ်းဗိုက်၊ ခြေသလုံး၊ ပေါင် စတဲ့ နေရာက ကြွက်သားတွေကို ကျုံ့ညှစ်ပေးနိုင်ပါတယ်။ ကြွက်သားတွေကို တင်းကြည့်လေလေ၊ စိတ်စွမ်းအင် ပိုရှိလေလေ ဖြစ်ပါတယ်။

ဘယ်လို ထိရောက်သလဲ – ခန္ဓာကိုယ် သန်စွမ်းမှု ရှိတာက ဦးနှောက်သန်စွမ်းမှုကို ဦးတည်နေပါတယ်။

(၃) စိတ်ခံစားမှု ကောင်းမွန်ဖို့ ခန့်မှန်းပါ
ဘယ်လို လုပ်ရမလဲ – နောက်ထပ် ၂၄ နာရီအတွင်းဖြစ်လာနိုင်တဲ့ရလဒ်ကို ခန့်မှန်းကြည့်တဲ့နည်းကို လုပ်ဆောင်ပါ။ အဲဒီအရာက ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လေးနက်သည်ဖြစ်စေ ခန့်မှန်းကြည့်လိုက်ပါ။ သင့်ခန့်မှန်းချက်မှန်တယ်ဆိုရင် စိတ်ခံစားချက်က ပိုကောင်းလာပါလိမ့်မယ်။

ဘယ်လို ထိရောက်သလဲ – ခန့်မှန်းချက်ပြုလုပ်တိုင်း ဦးနှောက်ထဲမှာ စိတ်ခံစားချက်ကောင်းစေတဲ့ ဒိုပါမင်းဓာတ်ထွက်ပြီး အာရုံစူးစိုက်မှု ပိုကောင်းစေပါတယ်။ ခန့်မှန်းချက်ကမှန်ရင် ဒိုပါမင်းအထွက်တိုးပြီး လေ့လာသင်ယူနိုင်စွမ်း ပိုကောင်းပါတယ်။

(၄) ချစ်ခင်ရင်းနှီးတဲ့ နွေးထွေးမှုရဖို့ ဆက်သွယ်ပါ
ဘယ်လိုလုပ်ရမလဲ – သင့်ဆီက သတင်းစကားကြားရရင် အံ့အားသင့်သွားစေမယ့် တစ်စုံတစ်ယောက်ဆီ ဖုန်းမက်ဆေ့ချ်ပို့ပါ ဒါမှမဟုတ်အီးမေးပို့ပါ။ သူက မက်ဆေ့ချ်ပြန်ပို့ရင် နောက်တစ်ယောက်ဆီကို သူ့ဆီကပြန်လာတဲ့ မက်ဆေ့ချ်နဲ့အတူ ထပ်မံဆက်သွယ်ပါ။

ဘယ်လို ထိရောက်သလဲ – မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ ပြန်လည်ဆက်သွယ်ဖို့ လွယ်ကူတဲ့ နည်းပါ။

(၅) အကောင်းမြင်စိတ်ပိုရှိဖို့ စူပါဟီးရိုးဂိမ်း ကစားပါ
၏ဘယ်လို လုပ်ရမလဲ – အနည်းဆုံး နှစ်မိနစ် ၏လောက်ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် စူပါဟီးရိုးအဖြစ် စိတ်ကူးယဉ်ကြည့်လိုက်ပါ။ တခြားသူတွေရဲ့ အန္တ ၏ရာယ်တွေကို ဘယ်လို ဖြေရှင်းပေးမယ်၊ တခြားသူ ၏တွေကို ဘယ်လို ကူညီမယ် စသဖြင့် တွေးလိုက်ပါ။

ဘယ်လို ထိရောက်သလဲ – စူပါဟီးရိုးအဖြစ် ထင်မြင်ပြီး အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်မယ်လို့ တွေးတာက ဦးနှောက်ထဲက ကောင်းတဲ့ ဓာတ်တွေ အထွက်တိုးပြီး အကောင်းမြင်စိတ် ပိုရှိစေလာစေပါတယ်။

(၆) ချက်ချင်း အပန်းပြေစေဖို့ အသက်ပြင်းပြင်းရှူသွင်းပေးပါ
ဘယ်လို လုပ်ရမလဲ – တစ်ကနေ လေးအထိ ဖြည်းဖြည်းချင်း ရေပြီး အသက်ရှူသွင်းပေးပါ။ တစ်ကနေရှစ်အထိရေပြီး လေကို ဖြည်းဖြည်းချင်းပြန် ထုတ်ပေးပါ။ တစ်မိနစ်လောက်ထပ်မံပြုလုပ်ပါ။

ဘယ်လို ထိရောက်သလဲ – ဒီနည်းအတိုင်း အသက်ရှူတာက နှလုံးခုန်နှုန်းကို တိုးစေပြီး စိတ်ဖိစီးမှု၊ ပူပင်သောကနဲ့နာကျင်မှုတွေကို လျော့ပါးသွားစေပါတယ်။ ဒီနည်းက ခန္ဓာကိုယ်ကို ပူပင်သောကများတဲ့ အခြေအနေကနေ တည်ငြိမ်တဲ့အနေ အထားမျိုးဖြစ်အောင် အချိန်တိုအတွင်း ကူးပြောင်းသွားစေပါတယ်။အကြောင်း ကတော့ ကြွက်သားတွေ အနားရပြီး နှလုံးခုန်နှုန်းနှေးကာ စိတ်ခံစားမှု ကောင်းမွန်လာလို့ပါ။
Ref; RD

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top