Healthy Life Ad
International

လူသားသစ်ပင်အဖြစ်ပြောင်းလဲလာနေသည့် လူငယ်လေး

၊ မိုးမင်းထွန်း ၊ (Ref;MR)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် ၇ နှစ်အရွယ် ရစ်ပွန်ဆာကာဟာ ရှားပါးတဲ့အကြေးခွံပုံစံအသားမာတက်တဲ့ ရှားပါးတဲ့ရောဂါကြောင့် လူသားသစ်ပင်ပုံစံ ပြောင်းလဲလာနေပါတယ်။
မိသားစုကဆင်းရဲတာကြောင့် ရောဂါစမ်းသပ်ကုသခံယူဖူးခြင်းမရှိဘဲ သြဂုတ်လ ၂၀ ရက်နေ့ကမှ ပထမဆုံးအကြိမ်အဖြစ် ဒါကာဆေးရုံကို တက်ရောက်နိုင်ခဲ့ပါတယ်။

သစ်ပင်ပုံစံဖြစ်တည်လာတာကြောင့်ရစ်ပွန်ဟာ ကိုယ်တိုင်အစာမစားနိုင်သလို လမ်းလည်းမလျှောက် နိုင်တော့ပါဘူး။ လက်ချောင်း၊ ခြေချောင်းတွေကို ခွဲခြားနိုင်သေးတာကြောင့် ခွဲစိတ်လို့ရနိုင်ဦးမယ်လို့မျှော်လင့်ကြောင်း ဆရာဝန်တွေက ပြောပါတယ်။

အရင်ကဆေးရုံတက်ကုသခံယူဖူးတဲ့ အသက် ၂၆နှစ်အရွယ် အဘူးဘာဂျန်ဒါရဲ့ရောဂါနဲ့ တူညီပေမယ့် ရစ်ပွန်ရဲ့ရောဂါက အရမ်းမဆိုးသေးတာကြောင့် ခွဲစိတ်မှုအနည်းငယ်နဲ့ အကြေးခွံမာတွေကို ဖယ်ရှား နိုင်မယ်လို့ ဆရာဝန်တွေကဆိုပါတယ်။

ရစ်ပွန်ဟာ လောလောဆယ် အာဟာရချို့တဲ့နေပြီး ခွဲစိတ်မှုမခံယူခင် ကိုယ်ကာယကြံ့ခိုင်အောင် သင့်တော်တဲ့အစာအာဟာရတွေစားသုံးဖို့ လိုအပ်နေပါတယ်။ ခွဲစိတ်မှုအတွင်း သွေးသွင်းရဖို့ရှိတယ် လို့လည်း ဆရာဝန်တွေကပြောပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top