Healthy Life Ad
Life Style

အသက် ၄၀ အရွယ် အမျိုးသမီးတိုင်း လုပ်သင့်သည့် အချက် ရှစ်ချက်

(၁) နေ့တိုင်း နံနက်စာ မှန်မှန် စားပေးပါ။ နံနက်စာ စားတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပြီး တစ်နေ့တာအတွင်း ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကောင်းကာ ကယ်လိုရီလောင်ကျွမ်းစေပါတယ်။

(၂) ခြောက်လလောက် ခန္ဓာကိုယ် သန်စွမ်းစေမယ့် လေ့ကျင့်ခန်းလုပ်ဆောင်ပါ။ အဲဒီနည်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးစေနိုင်ပါတယ်။
(၃) ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီကိုများများမှီဝဲပါ။

(၄) စိတ်ဖိစီးမှုကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ။ ယောဂကျင့်တာ၊ တရားထိုင်တာ၊ အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ်တာ စတဲ့ နည်းတွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချသင့်ပါတယ်။

(၅) အမိုင်နိုအက်ဆစ်ပါတဲ့ အစာတွေကို စားပေးရင် တစ်နေ့တာအတွင်း လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ရရှိစေပြီး စိတ်ခံစားမှုအဆင့်ကို မြင့်တက်စေပါတယ်။ ဦးနှောက်ထဲမှာ နျူရိုထရန်စမစ္စာ အဆင့်မြင့်တက်စေတဲ့အတွက် နေရထိုင်ရ လန်းဆန်းစေပါတယ်။

(၆) သင့်မိတ်ဆွေ ဒါမှမဟုတ် ဘဝအဖော်နဲ့အတူ စွန့်စားရတဲ့ ခရီးတွေထွက်ပေးပါ။ ဒါမှမဟုတ် ထူးထူးခြားခြား အမှတ်တရကောင်းတွေ ဖန်တီးပါ။

(၇) သင့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံစကား ပြောပေးတာကြောင့် စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို မြင့်တက်စေပါတယ်။

(၈) ကျန်းမာရေးစစ်ဆေးမှုကို ခံယူသင့်ပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top