Healthy Life Ad
Life Style

လိင်အင်္ဂါတွင်ပေါက်သော ကြွက်နို့

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

လိင်အင်္ဂါမှာပေါက်တဲ့ ကြွက်နို့ (Genital Warts)ဟာ ကြွက်နို့ဗိုင်း ရပ်စ်ပိုး (HPV)ကြောင့် ဖြစ်ရတာများပါတယ်။ ကြွက်နို့ဗိုင်းရပ်စ်ပိုး အမျိုးအစားအမျိုးမျိုးကြောင့် လိင်အင်္ဂါကြွက်နို့ဖြစ်နိုင်သလို တခြား အခြေအနေတွေကြောင့်လည်း လိင်အင်္ဂါမှာ ကြွက်နို့ပေါက်နိုင်ခြေ ရှိပါတယ်။ လိင်ဆက်ဆံမှုနဲ့ Oral Sex ကြောင့် ကြွက်နို့ဖြစ်စေနိုင်တဲ့ ကြွက်နို့ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာ

ကြွက်နို့ဟာ ထိလိုက်ရင် ပျော့ပျောင်းနေတတ်ပြီး ပန်းဂေါ်ဖီပွင့် အသေးစားနဲ့ဆင်တူပါတယ်။ ဒီလို ကြွက်နို့ကို လိင်အင်္ဂါတစ်ဝိုက်၊ စအို၊ ဆီးလမ်းကြောင်းတွေမှာ အဓိကတွေ့ရတတ်ပြီး နှုတ်ခမ်းမှာ ရှားရှား ပါးပါးတွေ့ရတတ်ပါတယ်။ မကုသဘဲနေရင် ကြွက်နို့ အဝပိတ်သွား တဲ့အထိ ကြီးထွားလာနိုင်ပါတယ်။

ဆေးကုသမှု

ကြွက်နို့တွေကိုကြွက်နို့အတွက် အထူးဖော်စပ်ထားတဲ့ လိမ်းဆေး တွေလိမ်းပြီးအလွယ်တကူကုသနိုင်ပါတယ်။ အေးခဲစေတဲ့နည်း၊ ထုံဆေးပေးပြီး ခွဲစိတ်ဖယ်ရှားတဲ့နည်းတွေကိုလည်းသုံးပြီး ဖယ်ရှားနိုင်ပါတယ်။

သင့်အနေနဲ့ ကြွက်နို့ပေါက်နေပြီး ပေါက်နေတဲ့ကြွက်နို့နဲ့ ပတ်သက်လို့ သံသယတစ်စုံတစ်ရာရှိတယ်ဆိုရင် နီးစပ်ရာဆရာဝန်ထံ သွားပြသင့်ပါတယ်။ ကြွက်နို့ပေါက်တာနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြ ဿနာတွေရှိ၊ မရှိစမ်းသပ်ကာ လိုအပ်ပါက ဆေးကုသမှုခံယူလိုက်ပါ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top