Healthy Life Ad
International

နကျယ်ကောင်တုပ်ခြင်းကြောင့် အမျိုးသားတစ်ယောက် လေဖြတ်သွား

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စုအိုဟိုင်းအိုးမှ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်း ခြေထောက်မှာ နကျယ်ကောင်အတုပ်ခံခဲ့ရပါတယ်။

အင်ပြင်တွေထလာခဲ့ပြီး တစ်နာရီအကြာမှာ စကားပြောမပီမသဖြစ်လာတာ၊ ခန္ဓာကိုယ်တစ်ခြမ်း အကြောဆွဲတာ၊ မျက်နှာရွဲ့သွားတာစတဲ့ လေဖြတ်ဝေဒနာတွေပြသလာခဲ့လို့ ဆေးရုံသို့ပြေးခဲ့ရပါတယ်။လေဖြတ်တာကသွေးခဲတာကြောင့် ဒါမှမဟုတ် သွေးကြော ပေါက်တာကြောင့် ဦးနှောက်အပိုင်းတစ်ခုမှာ သွေးမလျှောက်တော့တဲ့အခါ ဖြစ်ပွားတတ်ပါတယ်။

အဆိုပါအမျိုးသားကို ကုသမှုပေးတဲ့ ဒေါက်တာမိုက်ကယ်ဒီဂျော်ဂျီယာကတော့ နကျယ်တစ်ခါတုပ်တာနဲ့ လေဖြတ်သွားတဲ့သူမျိုး အရင်တစ်ခါမှမကြုံဖူးခဲ့ကြောင်း ပြောပါတယ်။ အများအားဖြင့် ဒီလိုအင်းဆက်တွေရဲ့ အုပ်လိုက်အကိုက်ခံရတာကြောင့် လေဖြတ်ရောဂါဖြစ်ပွားတာကိုပဲ တွေ့ရတတ်တယ်လို့ဆိုပါတယ်။

hymenopterans အင်းဆက်မျိုးနွယ်ဝင် ပျား၊ ပရွက်ဆိတ်၊ နကျယ်ကောင်တွေရဲ့ အဆိပ်မှာ လူရဲ့ သွေးကြောကို ကျုံ့စေတဲ့ ဓာတ်ပေါင်းတွေပါဝင်ပါတယ်။ အဆိပ်တွေက သွေးခဲတာ၊ နှလုံးခုန်မမှန် တာဖြစ်စေတတ်ပြီး လေဖြတ်တာသို့ဦးတည်စေပါတယ်။

အမျိုးသားမှာ ယခင်က ကိုလက်စထရောများ တာ ဒါမှမဟုတ် သွေးတိုးတာလို ဝေဒနာတွေရှိတဲ့ အချိန်မှာ နကျယ်ကောင်အတုပ်ခံရတာက ဆွပေး လိုက်သလိုဖြစ်တာကြောင့် လေဖြတ်တာဖြစ်နိုင်ခြေ ရှိကြောင်း ဒေါက်တာဂျော်ဂျီယာက ရှင်းပြပါတယ်။လေဖြတ်လူနာတွေကို ကုသပေးလေ့ရှိတဲ့ သွေးခဲ တွေကိုပျော်ဝင်စေပြီး သွေးလည်ပတ်မှု ကောင်းမွန် စေတဲ့ (tissue plasminogen activator tPA) ဆေးဝါးနဲ့ကုသပေးခဲ့ပြီး အခုအခါအဆိုပါ အမျိုးသား ဟာ ရောဂါသက်သာလာနေပြီဖြစ်ကြောင်း သိရပါ တယ်။

(Ref;LS)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top