Healthy Life Ad
Life Style

ကွမ်း၊ ဆေးလိပ်၊ အရက်နှင့် ခံတွင်းကင်ဆာ

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

“ခံတွင်းကင်ဆာဖြစ်မှာစိုးလို့ ကွမ်းမစားနဲ့ ဟုတ်လား၊ တို့အဘွားဆို ကွမ်းလေးမြုံပြီးတောင် အိပ်တာ အသက် ၉၀အထိတောင်နေရသေး”

“ဆေးလိပ်သောက်ရင် ကင်ဆာဖြစ်နိုင်တယ် ဟုတ်လား၊ တို့အဘိုးဆို ဆေးလိပ်အမြဲသောက်ခဲ့တာ၊ ဘယ်မှာကင်ဆာဖြစ်လို့လဲ”

ကျန်းမာရေး ဆောင်းပါးတွေထဲမှာ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာရဲ့ဆိုးကျိုးတွေ ရေးလိုက်ရင်း တချို့လူတွေပြောလေ့ပြောထရှိတဲ့ မှတ်ချက် တွေပါ။
ဒါက ဘယ်မှာမူတည်နေသလဲဆိုတော့ ကိုယ့်မှာပါလာတဲ့ ဗီဇ (Gene)က ဘယ်လိုအမျိုးအစားလဲဆိုတဲ့ အပေါ်မှာ မူတည်နေတာပါ။ ကင်ဆာဖြစ်ဖို့ ဗီဇပါတယ်ဆိုရင် ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေလုပ်ရင် အဲဒီဗီဇက ပြောင်းသွားပြီး ကင်ဆာဖြစ်တာပဲ။နောက်တစ်ခါ ကင်ဆာကို ချိုးနှိမ်တဲ့ ဗီဇပါလာရင် ကွမ်းစားတာ၊ ဆေးလိပ်သောက်တာတွေ လုပ်တဲ့ အခါ အဲဒီဗီဇကို သွားနှိမ်လိုက်တယ်။ အဲဒီတော့ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်း ပိုများသွားတယ်။(တကယ်လို့ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေ မလုပ်ရင် အဲဒီ ကင် ဆာဖြစ်စေမယ့် ဗီဇကို လှုံ့ဆော်မှုမရှိတဲ့အတွက် ဘာ မှ မဖြစ်ပါဘူး)

ကင်ဆာဖြစ်ဖို့ ဗီဇပါတယ်ဆိုရင် ကွမ်းစားတာ၊ ဆေး လိပ်သောက်တာ၊ အရက်သောက်တာတွေလုပ်ရင် အဲဒီ ဗီဇက ပြောင်းသွားပြီး ကင်ဆာဖြစ်တာပဲ။ နောက်တစ်ခါ ကင်ဆာကို ချိုးနှိမ်တဲ့ ဗီဇပါလာရင် ကွမ်းစားတာ၊ ဆေး လိပ်သောက်တာတွေလုပ်တဲ့အခါ အဲဒီဗီဇကို သွားနှိမ် လိုက်တယ်။ အဲဒီတော့ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်း ပိုများသွားတယ် . . .

တချို့ကျတော့ အဲဒီလို ကင်ဆာဖြစ်ဖို့ ဗီဇ ပါမလာရင် ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ အရက် သောက်တာတွေ လုပ်ပေမယ့် ဘာမှမဖြစ်ဘူး။
အဲဒီအတွက် ကံဆိုတာ ပါနေတယ်လို့ ဗုဒ္ဓဘာ သာအရ ပြောကြတယ်။ ကိုယ့်ကံက ဘယ်လိုလဲဆို တာ မသိဘူး။ ဒီတော့ ကံကောင်းအောင် လုပ်ရင် ကင်ဆာမဖြစ်ပေမယ့် ကံဆိုးအောင်လုပ်ရင် ကင် ဆာဖြစ်နိုင်တယ်။ ကံဆိုးအောင် လုပ်တယ်ဆိုတာ တခြားမဟုတ်ဘူး၊ ကွမ်းစားတာ၊ ဆေးလိပ်သောက် တာ၊ အရက်သောက်တာတွေပဲ . .

– တချို့လူတွေမှာ ကင်ဆာဆိုတာဖြစ်ရုံပဲ ဖြစ် လိုက်တာ . . ကုလိုက်တယ်ဆိုရင် တစ်ခါတည်း နဲ့ပျောက်သွားတယ်။

– တချို့လူတွေမှာကျတော့ ကင်ဆာဖြစ်လိုက် တယ်၊ ကုလိုက်တယ်၊ ဒီတစ်နေရာမှာ ဖြစ်တာ ကုလို့ ပျောက်သွားပေမယ့် နောက်တစ်နေရာမှာ တစ်ခါထပ်ဖြစ်ပြန်ရော . . သူ့ပုံစံက’မင်းက ဒီတစ်ခါ လွတ်သွားပေမယ့် နောက်တစ်ခါတော့ မိမှာပဲ’ဆိုတာမျိုး . . ဒါပေမဲ့ အဲဒီတစ်နေရာမှာ ကုလို့ ပျောက်ရင် ပျောက်သွားနိုင်သေးတယ်။

– တချို့ကျတော့ ကင်ဆာက ‘မင်းကို မသေမ ချင်းကို သတ်မယ်’ဆိုပြီး ကြုံးဝါးဝင်လာတာ။ အဲဒီကင်ဆာက တစ်နေရာမှာ ဖြစ်လို့ ကုတယ်၊ ပျောက်တယ်၊ နောက်တစ်နေရာ ထပ်ဖြစ်တယ်၊ ကုလို့ပျောက်ပေမယ့် တခြားနေရာမှာထပ်ဖြစ် တယ်။ နောက်ဆုံး သေတဲ့အထိဖြစ်တယ် . .

အဲဒီတော့ ကိုယ့်ကို ကင်ဆာက ဘယ်လိုပုံစံမျိုး နဲ့ချည်းကပ်လာမလဲဆိုတာ မပြောနိုင်ဘူး။ ဒါကြောင့် မဖြစ်အောင် ကြိုတင်ကာကွယ်တာ အကောင်းဆုံး ပဲ . . ။

ခံတွင်းကင်ဆာဆိုရင် ကုပြီး ငါးနှစ် အသက်ရှင် နိုင်ခြေက ၅၀ ရာခိုင်နှုန်းတောင် မရှိဘူး။ ကုသမှုခံယူ ပြီး ပျောက်တယ်ဆိုရင် ငါးနှစ်အသက်ရှင်နိုင်ခြေက ၁၀ဝ မှာ ၅ ယောက်ပဲ ရှိပါတယ်။

ကလေးတွေ အရွယ်ရောက်လာတဲ့အခါ ကျန်း မာရေးဗဟုသုတရှိစေဖို့ ကျန်းမာရေးပညာပေးမှု အနေနဲ့ ငယ်ငယ်ကတည်းက ကျောင်းစာအုပ်တွေ ထဲမှာပါထည့်သွင်းပညာပေးဖို့ လိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top