Healthy Life Ad
International

လမ်းလျှောက်ဖော်အဖြစ် အသက်မွေးဝမ်းကျောင်း ပြုသည့် အမျိုးသား

၊ မိုးမင်းထွန်း ၊

နည်းပညာခေတ်ကြီးမှာ လူတွေက ပိုအထီးကျန်လာတာကြောင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှ ချက်မက္ကာသီက လူစိမ်းတွေနဲ့အတူ လမ်းလျှောက်ပေးမယ့် ဝန်ဆောင်မှုကို ဖန်တီးလိုက်ပါတယ်။

တစ်မိုင်လျှောက်ပြီးတိုင်း အမေရိကန် ၇ဒေါ်လာကျသင့်မှာဖြစ်ပြီး လမ်းလျှောက်ရင်း စကားပြောနိုင်သလို အဓိကအနေနဲ့ ဖောက်သည်ရဲ့စကားတွေကို နားထောင်ပေးတယ်လို့ဆိုပါတယ်။ လက်ကမ်းစာစောင် တွေအပြင် လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်မှာ သူရဲ့ဝန်ဆောင်မှုကို ကြော်ငြာခဲ့ပါတယ်။

ညမှာတစ်ယောက်တည်း လမ်းလျှောက်ရတာကြောက်တယ်ဆိုရင်၊ သူငယ်ချင်းမရှိဘူးလို့ လူတွေအထင်ခံရမှာကြောက်နေရင်၊ ဘဝအမောတွေကို ရင်ဖွင့်ချင်တယ်ဆိုရင် ဆက်သွယ်လိုက်ပါလို့ မက္ကာသီက ဆိုထားပါတယ်။ သူ့ဆီကို စိတ်ဝင်စားတဲ့အီးမေးလ်ရာပေါင်းများစွာ ရောက်ရှိလာနေပါတယ်။ နေ့စဉ် ဖောက်သည်တွေရရှိနေပြီး နောက်ထပ် အငှားလမ်းလျှောက်သမား ၆ယောက် တောင်ခန့်ထားရပြီလို့ သိရပါတယ်။

ဖောက်သည်တွေရဲ့မှတ်ချက်တွေနဲ့ ကိုယ်နဲ့ သင့်တော်မယ့် အငှားလမ်းလျှောက်သမားကို ငှားနိုင်အောင် တက္ကစီငှားတဲ့ Uber လို ဖုန်းဆော့လ်ဝဲလ်တစ်ခုပြုလုပ်ဖို့ ကြံရွယ်နေပါတယ်။ သူရဲ့စွန့်ဦးတီထွင်မှုကို လူအ များစိတ်ဝင်စားနေကြပြီး တခြားနိုင်ငံတွေမှာလည်း စတင်ပြုလုပ်ဖို့ စီစဉ်နေကြပြီလို့လည်း သိရပါတယ်။

လမ်းလျှောက်တာကြောင့် လူတွေရဲ့ ကျန်းမာရေးကောင်းစေသလို၊ ကိုယ့်ရဲ့ အားလပ်ချိန်မှာ မိတ်ဆွေတွေမအားလပ်တာမျိုး ကြုံတဲ့အခါ သူနဲ့လမ်းလျှောက်နိုင်ကြောင်း မက္ကာသီကပြောပါတယ်။ နှုတ်လုံဖို့ အာမခံမှာဖြစ်ပြီး ဖောက်သည်ရဲ့ရင်ဖွင့်စကားတွေကိုလည်း နားထောင်ပေးမယ်လို့သိရပါတယ်။ တစ်နေကုန် ကွန်ပျူတာ၊ ဖုန်းတွေနဲ့ဆက်သွယ်နေရတာ ငြီးငွေ့သူတို့ စိတ်ထွက်ပေါက်ပေးနိုင်မယ်လို့ သူက အာမခံထားပါတယ်။

(Ref; TG)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top