Healthy Life Ad
International

စိတ်မနှံ့သည့် ၈နှစ်အရွယ်ကလေးငယ်ကို အိမ်ရှေ့က သစ်ပင်မှာ ခြောက်နှစ်ကြာကြိုးချည်ထား

၊ မိုးမင်းထွန်း ၊

စိတ်မနှံ့တာကြောင့် အသက်၈နှစ်အရွယ် ကလေးမလေး ကို အဘိုးအဘွားတွေက သစ်ပင်မှာ ကြိုးချည်ထားတာ ၆ နှစ် ရှိခဲ့ပြီလို့ သိရပါတယ်။
တရုတ်နိုင်ငံ၊ ဟီနန်ခရိုင်ကျေးရွာတစ်ရွာမှ ဇျောင်ဇိယီ ဆိုတဲ့ ကလေးဟာ ၂၀၁၀ ခုနှစ်က အပြင်းဖျားခဲ့ပြီးနောက် စိတ် မူမမှန်ဖြစ်လာကာ လူတွေကို ရန်ပြုတိုက်ခိုက်တတ်တာကြောင့် သူရဲ့လည်ပင်းနဲ့ ရင်ဘတ်ကိုကြိုးနဲ့သိုင်းကာ သစ်ပင်မှာချည် နှောင်ထားရတယ်လို့ အဘိုးအဘွားတွေက ပြောပါတယ်။ တစ်ခါတစ်ရံ အပေါ့အပါးသွားဖို့နဲ့ လမ်းလျှောက်ဖို့ ကြိုးဖြည် ပေးတတ်ပေမယ့် အချိန်အများစုမှာတော့ ကြိုးချည်ထားရ ကြောင်းသိရပါတယ်။ မိသားစုက ချို့တဲ့တာကြောင့် ဆေးရုံမပို့ နိုင်ဖြစ်နေပါတယ်။

သူနဲ့ တခြားကျန်းမာတဲ့မောင်ငယ်နှစ်ယောက်ကို အဘိုး အဘွားတွေက စောင့်ရှောက်ပေးနေရကာ မိခင်ကမသန်စွမ်း ဖြစ်နေပြီး ဖခင်ကတော့ အနီးအနားကမြို့တစ်မြို့မှာ စက်ရုံဝန် ထမ်းတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတယ် လို့ သိရပါတယ်။
ဒေသဆိုင်ရာ အစိုးရအရာရှိတွေက မိသားစုစားဝတ်နေ ရေးအဆင်ပြေဖို့ ထောက်ပံမှုအနည်းငယ်သာ ပေးနိုင်ကြောင်း နဲ့ဆေးကုဖို့မတတ်နိုင်ရှာလို့ အိမ်ရှေ့မှာ ကြိုးချည်ထားတာဖြစ် နေတဲ့အတွက် ဒီလိုမလုပ်ဖို့ တွန်းအားမပေးနိုင်ဖြစ်နေကြောင်း ပြောပြကြပါတယ်။

(Ref; SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top