Healthy Life Ad
Life Style

သင့်မျက်နှာနဲ့လိုက်တဲ့ ဆံပင်ပုံထားရအောင်

၊ လရိပ်မေ ၊

ဆံပင်ပုံပြောင်းတော့မယ်ဆိုရင် ကိုယ့်မျက်နှာနဲ့လိုက်မှ လိုက်ပါ့မလားလို့ စိတ်ပူတတ်ကြပါတယ်။


– သင့်မျက်နှာက နှလုံးပုံဆိုရင်

မေးစေ့ချွန်တဲ့ နှလုံးပုံမျက်နှာပိုင်ရှင်တွေက ပါးပြင်နဲ့ မျက်စိကို အာရုံကျစေမယ့် ဆံပင်ပုံထားသင့်ပါတယ်။
(၁) ဆံပင်ပခုံးပေါ်ဝဲတဲ့ စတပ်ပုံစံ
(၂) ပခုံးပေါ်ဝဲတဲ့ ဆံပင်အကောက် ပုံစံ
(၃) ပိုနီတေးဘေးတစ်စောင်းစည်း ထားတဲ့ပုံစံ


– သင့်မျက်နှာက လေးထောင့်ပုံဆိုရင်

စတုရန်းပုံမျက် နှာပိုင်ရှင်တွေက ပါးပြင်ကိုဖုံးပြီး နူးညံ့တဲ့ဆံပင်ပုံမျိုး ထားသင့်ပါတယ်။
(၁) စတပ်အများကြီးပါတဲ့ ဆံပင်ပုံစံ
(၂) ဆံပင်အရှည်အကောက်ပုံစံ
(၃) ဆံပင်ကုပ်ဝဲ အဖြောင့်ပုံစံ


– သင့်မျက်နှာက ဘဲဥပုံဆိုရင်

ဘဲဥပုံ မျက်နှာပိုင်ရှင်တွေက ဘယ်ဆံပင်ပုံနဲ့မဆို လိုက်ပါတယ်။
(၁) ပခုံးအထိရှည်တဲ့ ဆံပင်ပုံစံ
(၂) ဆံပင်အကောက်ပုံစံ
(၃) ဆံပင်ကုပ်ဝဲပုံစံ


– သင့်မျက်နှာက စက်ဝိုင်းပုံဆိုရင်

စက်ဝိုင်းပုံမျက်နှာက မျက်နှာကျရှည်တဲ့ ပုံစံထင်ရစေမယ့် ဆံပင်ပုံထားသင့်ပါတယ်။ ဆံပင်ကို ပခုံးနေရာထက် ပိုတိုအောင်မညှပ်ပါနဲ့။
(၁) ဆံပင်အဖြောင့်အရှည်
(၂) ရှေ့ဆံပင်အရှည်
(၃) ဆံပင်အကောက်ကို ပိုနီတေး စည်းထားတဲ့ပုံစံ


– သင့်မျက်နှာက ထောင့်မှန်စတုဂံပုံဆိုရင်

ထောင့်မှန်စတုဂံပုံမျက်နှာပိုင်ရှင်တွေက မေးရိုးနဲ့မေးစေ့ကို အာရုံကျစေမယ့် ဆံပင်ပုံထားသင့်ပါတယ်။
(၁) ရှေ့ဆံပင်ချထားတဲ့ ဆံပင်ရှည်ပုံစံ
(၂) ရှေ့ဆံပင်ချထားတဲ့ ဆံပင်အကောက်ပုံစံ
(၃) ရှေ့ဆံပင်ချထားတဲ့ ကုပ်ဝဲပုံစံ

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top