Healthy Life Ad
Health Tips

ရင်တုန်ခြင်း ကင်းဝေးစေဖို့ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ယေဘုယျအားဖြင့်လူတစ်ယောက်ရဲ့ ပုံမှန်နှလုံးခုန်နှုန်းကို တစ်မိနစ်မှာ ၇၀ နဲ့ ၈၀ ကြားသတ်မှတ် ထားပါတယ်။ တစ်မိနစ်မှာ နှလုံးခုန်နှုန်းက ၄၀ အောက်ဆိုရင် နှလုံးခုန်နှုန်းနှေးတာကြောင့် စိုးရိမ်ရပါတယ်။ တစ်မိနစ်မှာ နှလုံးခုန်နှုန်းက ၁၁၀ အထက်ဆိုရင် နှလုံးခုန်နှုန်းမြန်တယ်လို့ဆိုကြပါတယ်။

– ရောဂါမရှိဘဲ ရင်တုန်တာက ခဏတစ်ဖြုတ်ပဲခံစားရပြီး ပျောက်သွားတတ်ပါတယ်။

ရောဂါမရှိဘဲ ရင်တုန်စေတဲ့အကြောင်းရင်းတွေက ကြောက်လန့်တာ၊ စိုးရိမ်စိတ်များတာ၊အဖျား တက်တာ၊ ဝမ်းသာဝမ်းနည်းဖြစ်တာ၊ အိပ်ရေးပျက်တာ၊ အစားအသောက်အနေနဲ့ ကော်ဖီ၊ လက်ဖက် ရည်နဲ့ လက်ဖက်စတဲ့ ကဖင်းဓာတ်ပါတဲ့ အစားအသောက်စားတာ၊ စွမ်းအားဖြည့်အချိုရည်သောက် တာနဲ့လေ့ကျင့်ခန်းလုပ်တာစတာတွေကြောင့် ရောဂါမရှိဘဲ ရင်တုန်ရတတ်ပါတယ်။

– ရင်တုန်တာက သွေးအားနည်းရောဂါရှိရင်လည်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ တစ်လ တစ်ကြိမ် ရာသီသွေးဆင်းတာကို သံဓာတ်အားဖြည့်ဆေးမမှီဝဲတဲ့အခါ ဒါမှမဟုတ် သံဓာတ်ပါတဲ့ အစား အသောက်တွေကို အလုံအလောက် မစားတဲ့အခါ ကြာလာရင်သွေးအားနည်းရောဂါကို ခံစားရတတ်ပါ တယ်။ အဲဒီအခါရင်တုန်တတ်ပါတယ်။

– သွေးဖိအားကျဆင်းတာကြောင့်လည်း ရင်တုန်တတ်ပါတယ်။ ဒါကြောင့် ရင်တုန်နေရင် သွေး ပေါင်ချိန်ကြည့်သင့်ပါတယ်။

– သွေးဆုံးချိန်မှာလည်း အမျိုးသမီးတွေဟာ ရင်တုန်တတ်ပါတယ်။

– အခြေခံကျန်းမာရေးပြဿနာတစ်ခုခု (ဥပ မာ-ဆီးချိုသွေးချိုရောဂါ)ကြောင့် ရင်တုန်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် တချို့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ရင်တုန်ရတတ်ပါ တယ်။

– နှလုံးခုန်နှုန်းနှေးတာ၊ မြန်တာနဲ့ နှလုံးခုန်နှုန်းမမှန်တာစတဲ့ နှလုံးကျန်းမာရေးအခြေအနေ တွေကြောင့် ရင်တုန်တတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါရှိရင် ရောဂါကိုထိန်းချုပ်နိုင်အောင် ဆရာဝန်နဲ့ ပုံမှန်ပြပြီး ဂရုစိုက်သင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top