Healthy Life Ad
Q & A

အတွင်းတိမ်က ကျောက်ဖြစ်နေပြီ . . .

မေး။ ။ အဘွားကပြောတယ်၊ သူ့အတွင်းတိမ်က ကျောက်ဖြစ်နေပြီတဲ့။ ကျွန်မ နားမလည်လို့ပါ . . အတွင်းတိမ်က ကျောက်ဖြစ်နေတဲ့ အခြေအနေဆိုတာ ဆိုလိုပါသလဲ ဆရာ။
မေသက်လှိုင်၊ သာကေတ။

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ မျက်လုံးအတွင်းတိမ်က နုရာကနေရင့်လာတယ်။ အဲဒီလိုရင့်တဲ့အခြေအနေမှာ တချို့က တအားကြီး ရင့်ပြီး ခဲနေတယ်။ ခဲရာကနေ မာကျောနေတယ်။ အဲဒီလိုမျိုး အခြေအနေကို လူနာနားလည်အောင် ‘အမေ့မျက်လုံးအတွင်းတိမ်က သိပ်ကိုရင့်ပြီး မာကျောနေပြီ၊ ကျောက်လောက်တောင်ဖြစ်နေပြီ’လို့ ပြောတဲ့အခါ လူနာက နားလည်မှုလွဲမှားပြီး ကျောက်ဖြစ်သွားတယ်လို့ထင်တာ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ကျောက်ဖြစ်သွားတယ်ဆိုတာ ခရစ္စတယ်ဖြစ် သွားတာမျိုးပါ။ အတွင်းတိမ်က ကျောက်ဖြစ်တာ မဟုတ်ပါဘူး။ တစ်ခါတလေကျတော့ ဆေးဝေါဟာရ အခေါ်အဝေါ်ကို လူအများနားလည်အောင် ပြော ဆိုရှင်းပြဖို့က ခက်ခဲတော့ ‘အတွင်းတိမ်က ခဲပြီး မာကျောလို့ ကျောက်လို တောင်ဖြစ်နေပြီ’လို့ ပြောတာကို ကျောက်ဖြစ်သွားပြီလို့ မှားထင်တာဖြစ်ပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top