Healthy Life Ad
International

ကမ္ဘာ့အကြံ့ခိုင်ဆုံး အဘွား၏ အသက် ၈၀ ပြည့်မွေးနေ့ပွဲ

၊ ဇွန် ၊

နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပြီး ပိုကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုရင် နေ့ ရွှေ့ညရွှေ့ ရွှေ့ဆိုင်းမနေပါနဲ့တော့။ လေ့ကျင့်ခန်း လုပ်ဖို့ မသင့်တော့ဘူးလို့ထင် ရင် ဘယ်လ်တီမိုးပြည် နယ်က အာနက်စ တင်းစဖီးဖာ့ဒ်ကိုသာ ကြည့်လိုက်ပါ။ သူက အသက် ၂၀ အရွယ် ကတည်းက ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းသူဖြစ်ပြီး မာရသွန်ပြိုင်ပွဲတွေနဲ့ တခြားအားကစား ပြိုင်ပွဲတွေမှာ အခုထိ ဝင်ရောက်ယှဉ်ပြိုင်နေဆဲပါ။

ဒါပေမဲ့ သူက လေ့ကျင့်ခန်းလုပ်ရတာကို သဘောကျခဲ့သူ မဟုတ်ဘူးလို့ အာနက်စတင်းက ဆိုပါတယ်။ သူ့ အစ်မနဲ့အတူ လေ့ကျင့်ခန်းလုပ်ရင်း ၅၆ နှစ်အရွယ်မှာ ဒီလိုသန်စွမ်းတဲ့ ခန္ဓာကိုယ်အလှပိုင်ရှင် ဖြစ်ခဲ့တာပါ။ ၂၀၁၀ မှာ သူက အသက်အကြီးဆုံး အမျိုးသမီး ကာယ အလှမယ်အဖြစ် ဂင်းနက်စ် စံချိန်ဝင်ခဲ့ပါတယ်။

သူက နေ့တိုင်း မနက်သုံးနာရီထပြီး တရားထိုင်ပါတယ်၊ ပြီးရင် ခပ်သွက်သွက်ပြေးပါတယ်။ နံနက်ရှစ် နာရီမှာ လေ့ကျင့်ခန်းလုပ်ပါတယ်။ ညဆိုရင် ၁၀ နာရီထက် နောက်မကျဘဲ အိပ်ရာ ဝင်ပါတယ်။ သူ့ခင်ပွန်းက တစ်မိသားစု လုံးအတွက် ချက်ရေးပြုတ်ရေး တာဝန်ယူပြီး အာနက်စတင်းဟာ ထမင်း၊ ကြက်ရင်ပုံသား၊ အခွံ မာသီး၊ အုတ်ဂျုံကွေကာနဲ့ ဥအမျိုးမျိုးကို စားလေ့ ရှိပါတယ်။ ရေများများသောက်သူလည်း ဖြစ်ပါတယ်။

လူတွေဟာ ဘယ်အသက်အရွယ်မှာမဆို သူတို့ ခန္ဓာကိုယ်ကို အလေးထားဂရုစိုက်သင့်တယ်လို့ အာနက်စတင်းက ဆိုပါတယ်။

(Ref; BS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top